





လက်ထပ်တော့မယ့် သတို့သားလောင်းလေးနဲ့အတူတူရိုက်ကူးထားတဲ့ Pre Wedding ပုံတွေကို ချပြလာခဲ့တဲ့ စုလင်းရှိန်

“မာယာလှည့်ကွက်”၊ “စေတလုံးမောင်ဘုန်း” စတဲ့ ဇာတ်လမ်းတွဲတွေထဲက သရုပ်ဆောင် စုလင်းရှိန်ကို ပရိသတ်ကြီးရင်းနှီးပြီးသားဖြစ်မှာပါ။ စုလင်းရှိန်ဟာ နာမည်ရစပြုနေတဲ့အချိန်မှာပဲ နိုင်ငံရေးပြဿနာတွေကြောင့် သူမဟာလည်း ဗိုလ်ချုပ်အောင်လင်းဒွေးရဲ့တူမဖြစ်တာကြောင့် ပရိသတ်တွေရဲ့ မျက်မုန်းကျိုးခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ လအတော်ကြာ ပရိသတ်တွေရှေ့ကနေ ပျောက်ကွယ်သွားခဲ့ပြီး”စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲပြသချိန်မှာ လူမှုကွန်ယက်စာမျက်နှာကို ပြန်လည်အသုံးပြုခဲ့တာဖြစ်ပါတယ်။

ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းဆိုခြင်းကို လက်ခံခဲ့ကြောင်း ပရိသတ်တွေကို အသိပေးခဲ့တဲ့ စုလင်းရှိန်ဟာ အခုဆိုရင် သူမရဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စုလင်းရှိန်က သူမရဲ့ မင်္ဂလာပွဲအမှတ်တရရိုက်ကူးထားတဲ့ Pre Wedding ပုံတွေကိုချပြပြီး သူမရဲ့ခင်ပွန်းလောင်းကိုလည်း ပရိသတ်တွေဆီ ချပြပေးခဲ့တာကို တွေ့ရပါတယ်။

စုလင်းရှိန်ကတော့ ချစ်သူနဲ့အတူတူရိုက်ကူးထားတဲ့ Pre Wedding ပုံတွေတောင်ချပြနေပြီဆိုတော့ သူမတို့ရဲ့ မင်္ဂလာပွဲလေးက မဝေးတော့မယ့်အချိန်တစ်ခုမှာ ကျင်းပတော့မယ်လို့ ထင်ပါတယ်။ လတ်တလောမှာတော့ စုလင်းရှိန်က အနုပညာအလုပ်အသစ်တွေကိုလည်း မလုပ်ကိုင်သေးတာကို တွေ့ရပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Su Lin Shein – စုလင်းရှိန်’s fb

error: Alert: Content is protected !!