ရှုတင်မှာဆုံဖြစ်ခဲ့တဲ့ အကယ်ဒမီဦးမိုးဒီကို ငယ်ငယ်ကအားပေးခဲ့ရတဲ့အကြောင်းတွေ အားရပါးရပြောဖြစ်ခဲ့တယ်ဆိုတဲ့ ဆောင်းဝတ်ရည်မေ

သရုပ်ဆောင် ဆောင်းဝတ်ရည်မေကတော့ လူလေးလှရုံသာမကပဲ သရုပ်ဆောင်လည်းကောင်းမွန်တာကြောင့် လက်ရှိအနုပညာလောကမှာ နေရာရတဲ့ မင်းသမီးလေးတစ်လက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဆောင်းဝတ်ရည်မေဟာ ဇာတ်လမ်းတွဲသရုပ်ဆောင်မင်းသမီးဖြစ်ပေမယ့် အခုဆိုရင် ဇာတ်လမ်းတွဲ တွေအပြင် ကြော်ငြာတွေနဲ့ အခြားသောအနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဆောင်းဝတ်ရည်မေက ကြော်ငြာတစ်ခုရိုက်ရင်း ငယ်ငယ်ကအားပေးခဲ့ရတဲ့ သရုပ်ဆောင်ဦးမိုးဒီနဲ့ ဆုံဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။    

ဆောင်းဝတ်ရည်မေက “” သားသားစားချင်တာစားလို့ရပြီ ချောင်းဆိုးတော့ဘူး ” ငယ်ငယ်ထဲက အငြိမ့်တွေကြည့်ပြီး အခု့ထိလည်းအရမ်းချစ်ရတဲ့ လေးလေးမိုးဒီ… အနုပညာနယ်ပယ်ထဲရောက်တော့ခု့လို ဆုံမယ်လို့တောင် မတွေးထားခဲ့မိဘူး 🥰🥰 ဒီကြော်ငြာလေးမှာ လေးလေးနဲ့ ဆုံမယ်ဆိုတာ စသိလိုက်ထဲက အရမ်းကိုပျော်ခဲ့ရတာပါ။ ရှုတင်မှာတွေ့တော့လည်း လေးလေး နဲ့ စကားတွေအများကြီးထိုင်ပြောဖြစ်ပြီး ဘယ်လိုသဘောကျကြောင်း၊ ငယ်ငယ်က လေးလေးအငြိမ့်တွေဘယ်လိုကြိုက်ကြောင်း ပြောပြရတာပီတီပါ။ လေးလေးကလည်း သူ့အကြောင်းလေးတွေ ပြန်ပြောပြတာ နားထောင်လို့ကောင်း🥰 အပြင်မှာလည်း အရမ်းချစ်ဖို့ကောင်းနေဆဲပါ ကိုယ့်မှာ အဖိုးအဖွာလည်းမရှိတော့ဘူး။ ပြီးတော့ သက်ကြီးဝါကြီး အနု့ပညာသမားကြီးမို့ ပြန်ခါနီးလေး လေးလေးကို ကတော့လိုက်ရတာကတော့ အမြဲ ရင်ထဲအမှတ်တရဖြစ်နေမှာပါ။ နောက်တစ်ခါရိုက်ကွင်းတွေမှာ ခု့လိုမျိုး ကျန်းကျန်းမာမာနဲ့ ထပ်ဆုံချင်ပါသေးတယ် လေးလေးမိုးဒီ….. ။ ရှမ်းကြီးလက်ဖက် TVCလေးထွက်လာရင်လည်း အားပေးကြပါဦးနော် 🥰🥰အရမ်းချစ်လွန်းလို့ ရှူတင်မှာ ကိုယ့်အဖိုးတစ်ယောက်လိုပဲသဘောထားပြီး လိုက်ဂရု့စိုက်ပေးဖြစ်တယ်။ ငယ်ငယ်က ကိုယ်တွေကိုပျော်အောင်လုပ်ပေးခဲ့တဲ့ လူရွှင်တော်ကြီးတွေကို အရမ်းချစ်ပဲ 🥰🥰” ဆိုပြီး အမှတ်တရပြောလာပါတယ်။

ဆောင်းဝတ်ရည်မေကတော့ သူမကိုယ်တိုင်လည်း အဖိုးအဖွားတွေမရှိသူဖြစ်သလို ငယ်ငယ်ကတည်းက အားပေးခဲ့ရတဲ့ သရုပ်ဆောင် ဦးမိုးဒီနဲ့ အလုပ်အတူတူလုပ်ခွင့်ရလို့ တော်တော်လေး ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ လူကြီးမိဘကို ရိုသေလေးစားတတ်တဲ့ ဆောင်းဝတ်ရည်မေတစ်ယောက် အနုပညာလောကမှာ ဒီထက်မက အောင်မြင်မှုတွေရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Hsaung Wutyee May’s fb

error: Alert: Content is protected !!