ရှမ်းစစ်ဝတ်စုံနဲ့ မင်္ဂလာပွဲတက်ခဲ့တဲ့ ဓာတ်ပုံတွေကြောင့် ထွက်ပေါ်နေတဲ့ ကောလဟာလတွေကို ဖြေရှင်းလာတဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကမှာ ထိပ်ဆုံးမင်းသမီးတစ်ယောက်လို့ဆိုနိုင်အောင် နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ဟာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ပီပီ လူတိုင်းရဲ့အာရုံစိုက်ခံနေရသူဖြစ်ပြီး ချီးကျူးမှုတွေနဲ့အတူတူ ဝေဖန်မှုတွေကိုလည်း ကြုံရစမြဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း သင်ဇာဝင့်ကျော်ဟာ စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ ဓာတ်ပုံတွေကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေဖန်ခံနေရတာပဲဖြစ်ပါတယ်။

မနေ့က ဇူလိုင်လ(၄)ရက်နေ့မှာတော့ သင်ဇာဝင့်ကျော်က SSPP/SSA အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကြောင့် ဟိုက်ပါ ရေတံခွန်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေး အတွက် Documentary အတွက် ရှမ်းစစ်ဝတ်စုံနဲ့ ရိုက်ကူးနေလျက်ရှိတာဖြစ်ပြီး ရိုက်ကူးရေးအပြန်တွင် ရိုက်ကူးရေး ဝတ်စုံဖြင့်သာ မင်္ဂလာညစာစားပွဲကို အချိန်မှီတက်ရောက်ပေးခဲ့ရတာလို့ သိရပါတယ်။

သင်ဇာဝင့်ကျော်ကတော့ “လူတွေကလဲနော် အကျိုးအကြောင်းသေချာ မသိပဲလျှောက်ရေးလျှောက်တင် နေကြတာ မှန်လားမှားလားမသိပဲ အကျိုးအကြောင်းသေချာမစုံစမ်းပဲ ထင်ရာမြင်ရာတွေစွတ်ပြောနေကြတာ မရှက်တတ်ကြဘူးလား ရှင်တို့ရေးတိုင်းပြောတိုင်းတင်တိုင်း အဲ့လိုဖြစ်ကြေးဆို ကျမလဲ ရှင်တို့လိုစာတွေလျှောက်ရေးပြီး ဆုတောင်းနေလိုက်မယ် 🤣🤣🤣”ဆိုပြီး သူမကိုဝေဖန်ကြသူတွေကို ပြောလာပါတယ်။

သင်ဇာဝင့်ကျော်ကတော့ “မြန်မာနိုင်ငံရဲ့ဘယ်ဒေသပဲဖြစ်ဖြစ်ဖွံဖြိုးတိုးတက်စေချင်တယ်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ SSPP/SSA အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကြောင့် Documentary ဗီဒီယိုတစ်ခုရိုက်ကူးပေးခဲ့ပြီး အဆိုပါ Documentary ထဲက ဝတ်စုံကြောင့် ပရိသတ်တွေအထင်လွဲခြင်းခံနေရတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thin Zar Wint Kyaw’s fb

error: Alert: Content is protected !!