ရှက်စိတ်၊ သိမ်ငယ်စိတ်တို့ကြောင့် တစ်နေ့လုံးနေမှ (၁၀၀၀) ဖိုးတောင် မရောင်းရတဲ့ဆိုင်လေးကို ပိတ်သိမ်းလိုက်ပြီဆိုတဲ့ လူရွှင်တော် ဝိုင်းချစ်

လူရွှင်တော်တစ်ယောက်လည်းဖြစ်သလို ဟာသသရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ဝိုင်းချစ်ကတော့ ပရိသတ်တွေမသိတဲ့သူမရှိလောက်ဘူးလို့ ထင်ပါတယ်။ ဝိုင်းချစ်က သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ ပရိသတ်တွေအတွက် ဟာဒယရွှင်ဆေးတိုက်ကျွေးပြီး ဖျော်ဖြေပေးခဲ့သူဖြစ်ပါတယ်။ အနုပညာအလုပ်တွေကလည်းရှားပါးပြီး ဖွင့်ထားတဲ့ ဈေးဆိုင်လေးကလည်း မရောင်းရတာကြောင့် ဝိုင်းချစ်ဟာ သူ့ရဲ့အိမ်ဆိုင်လေးကို အပြီးတိုင်ပိတ်သိမ်းလိုက်ပြီလို့ ဒီကနေ့မှာပြောလာပါတယ်။

“😔ဒီဆိုင်လေးက ကျွန်တော့်မိသားစု စားဖို့မီးဖိုဆောင်စားရိတ်ရတဲ့ဆိုင်လေးပါ အခုတော့ ရောင်းအားတွေလဲကျ တစ်နေကုန်မှတစ်ထောင်ဘိုးတောင်မရောင်းရတဲ့ဘဝ ဆိုင်မှာထိုင်ရောင်းနေရင်းနဲ့ရောင်းမကောင်းလို့ သိမ်ငယ်လာတာ/ရှက်လာတာနဲ့ ကျွန်တော့်ရဲ့ဆိုင်လေးကို ပိတ်လိုက်ပါပြီ။အိမ်ကလဲ ရောင်းမထွက်သေးတာမှို့ စားဝတ်နေရေးအတွက် အလုပ်ရှာရမှာပေါ့ဗျာ😔 ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။

ဝိုင်းချစ်ကတော့ တစ်နေကုန် (၁၀၀၀) ဖိုးတောင် မရောင်းရတဲ့ဆိုင်လေးကြောင့် ရှက်စိတ်ဝင်လာတာနဲ့ ပိတ်သိမ်းလိုက်ပြီလို့ စိတ်မကောင်းစွာရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေချစ်တဲ့ ဝိုင်းချစ်တစ်ယောက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေအများကြီးရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Wine Chit’s fb

ရှက်စိတ်၊ သိမ်ငယ်စိတ်တို့ကြောင့် တစ်နေ့လုံးနေမှ (၁၀၀၀) ဖိုးတောင် မရောင်းရတဲ့ဆိုင်လေးကို ပိတ်သိမ်းလိုက်ပြီဆိုတဲ့ လူရွှင်တော် ဝိုင်းချစ်

လူရွှင်တော်တစ်ယောက်လည်းဖြစ်သလို ဟာသသရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ဝိုင်းချစ်ကတော့ ပရိသတ်တွေမသိတဲ့သူမရှိလောက်ဘူးလို့ ထင်ပါတယ်။ ဝိုင်းချစ်က သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ ပရိသတ်တွေအတွက် ဟာဒယရွှင်ဆေးတိုက်ကျွေးပြီး ဖျော်ဖြေပေးခဲ့သူဖြစ်ပါတယ်။ အနုပညာအလုပ်တွေကလည်းရှားပါးပြီး ဖွင့်ထားတဲ့ ဈေးဆိုင်လေးကလည်း မရောင်းရတာကြောင့် ဝိုင်းချစ်ဟာ သူ့ရဲ့အိမ်ဆိုင်လေးကို အပြီးတိုင်ပိတ်သိမ်းလိုက်ပြီလို့ ဒီကနေ့မှာပြောလာပါတယ်။

“😔ဒီဆိုင်လေးက ကျွန်တော့်မိသားစု စားဖို့မီးဖိုဆောင်စားရိတ်ရတဲ့ဆိုင်လေးပါ အခုတော့ ရောင်းအားတွေလဲကျ တစ်နေကုန်မှတစ်ထောင်ဘိုးတောင်မရောင်းရတဲ့ဘဝ
ဆိုင်မှာထိုင်ရောင်းနေရင်းနဲ့ရောင်းမကောင်းလို့ သိမ်ငယ်လာတာ/ရှက်လာတာနဲ့ ကျွန်တော့်ရဲ့ဆိုင်လေးကို ပိတ်လိုက်ပါပြီ။အိမ်ကလဲ ရောင်းမထွက်သေးတာမှို့ စားဝတ်နေရေးအတွက် အလုပ်ရှာရမှာပေါ့ဗျာ😔 ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။

ဝိုင်းချစ်ကတော့ တစ်နေကုန် (၁၀၀၀) ဖိုးတောင် မရောင်းရတဲ့ဆိုင်လေးကြောင့် ရှက်စိတ်ဝင်လာတာနဲ့ ပိတ်သိမ်းလိုက်ပြီလို့ စိတ်မကောင်းစွာရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေချစ်တဲ့ ဝိုင်းချစ်တစ်ယောက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေအများကြီးရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Wine Chit’s fb

error: Alert: Content is protected !!