ရွှေသားအစစ်နဲ့ ပြုလုပ်ထားတဲ့ ရွှေဘော်လီကြိုးဝတ်ဆင်ပြီး မြန်မာဆန်ဆန် ကျက်သရေရှိရှိလှနေတဲ့ မေကဗျာ

မင်းသမီးချော မေကဗျာကတော့ (၂၀၀၀) ခုနှစ်ပတ်ဝန်းကျင်က အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေဆဲ ဖြစ်ပါတယ်။ မေကဗျာကတော့ ညိုစိမ့်စိမ့်လေးနဲ့ တမူထူးခြား လှပသူမို့ ပရိသတ်တွေကြားထဲမှာ ညိုချောမင်းသမီးလေးအဖြစ် တင်စားခံရတာပဲ ဖြစ်ပါတယ်။ မေကဗျာက နောက်ပိုင်းမှာတော့ ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပဲ
မိသားစုစီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင်နေလျက်ရှိပါတယ်။

ဒီကနေ့မှာတော့ မေကဗျာက သူမရဲ့ ထူးထူးခြားခြားပုံရိပ်လေးတစ်ခုကို ပရိသတ်တွေဆီ ချပြလာခဲ့ပါတယ်။ မေကဗျာက “❤️သို့ မေမေ❤️ မေမေဆင်ပေးတဲ့အိမ်ကအထည်လေးနဲ့လှပလိုက်ဖက်အောင် ကိုကြီးကိုလတ်ကချုပ်ပေး အောင်သမာဓိကမမဖြူကဒေါင်းဘယက် ရွှေဘော်လီကြိုးလေးဆင်ပေးတော့ မေမေသမီးလေးဒီနေ့လှနေတာပေါ့ ❤️ကျေးဇူးပါ❤️” ဆိုပြီး အောင်သမာဓိက ဆင်မြန်းပေးထားတဲ့ ရွှေသားအစစ်ရွှေဘော်လီကြိုးလေးနဲ့ အရမ်းလှနေတဲ့ သူမရဲ့ ပုံရိပ်ကို မျှဝေပေးလာတာပဲဖြစ်ပါတယ်။

မေကဗျာကတော့ ထူးထူးခြားခြားရွှေဘော်လီကြိုးလေးနဲ့ မြန်မာဆန်ဆန် အရမ်းကျက်သရေရှိနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေကဗျာရဲ့ မြန်မာဆန်ဆန် ကျက်သရေရှိတဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး ကျေနပ်ကြမယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: May Kabyar’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: May Kabyar’s fb

error: Alert: Content is protected !!