ရွာပြန်ရောက်တုန်းလေး ရွာကလေဖြတ်နေတဲ့ အိမ်နီးချင်းအတွက် ဝှီးချဲလေးဝယ်ပေးပြီး ကုသိုလ်ယူခဲ့တဲ့ သုတအောင်

သရုပ်ဆောင် သုတအောင်ကတော့ အနုပညာလောကထဲမှာ ကျင်လည်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီဆိုပေမယ့် သူ့ရဲ့ ကံ၊ ဉာဏ်၊ ဝီရိယတို့ကြောင့် ယခုနှစ်အတွင်းမှာမှ အောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။ သုတအောင်ဟာ “ဝိပါက” ဇာတ်လမ်းတွဲပြီးတဲ့နောက်မှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့ပြီး အောင်မြင်မှုတွေဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အောင်မြင်လာတာနဲ့အမျှ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်လာနိုင်ပြီး ပိုက်ဆံရှာနိုင်လာခဲ့ပြီဖြစ်တဲ့ သုတအောင်ဟာ သူ့ရဲ့ သမာအာဇီဝငွေကြေးတွေကို အကျိုးရှိတဲ့နေရာမှာပဲ အသုံးချခဲ့တာပဲဖြစ်ပါတယ်။  

သုတအောင်က ဒီတစ်ခါမှာလည်း သူနဲ့တစ်ရွာတည်းသား လူတစ်ယောက်လို ဝှီးချဲလေးဝယ်ပြီး ကုသိုလ်ယူခဲ့ကြောင်းကို ပြောပြလာပါတယ်။ သုတအောင်က “ကျွန်တော့်ရွှာရောက်တုန်းရွှာက လေဖြတ်နေသော အကိုကြီးတစ်ယောက်အတွက် သွားရေးလာရေး အဆင်ပြေဖို့ ဝှီးချဲလေးလှူပေးဖြစ်ခဲ့တယ်ဗျ…..🙏🙏🙏” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

သုတအောင်ကတော့ သူ့ရဲ့အဖေနဲ့ အမေအတွက်လည်း ရှာသမျှပိုက်ဆံတွေနဲ့ ကန်တော့သလို ငွေပိုငွေလျှံလေးတွေကိုလည်း ကောင်းမှုကုသိုလ်တွေပြုရင်း အကျိုးရှိရှိအသုံးချနေတာပဲ ဖြစ်ပါတယ်။ သုတအောင်ကတော့ တကယ့်ကို စံနမူနာပြုထိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: THUTA AUNG’s fb

error: Alert: Content is protected !!