ရေမွန့်ရဲ့သီချင်းလေးကို ခဏခဏနားထောင်ဖြစ်နေပြီး ရေမွန့်ကိုလည်းသတိရနေကြောင်း ရင်ဖွင့်လာတဲ့ သင်ဇာဝင့်ကျော်

နိုင်ငံကျော် အဆိုတော် ရေမွန်ကတော့ သူ့ရဲ့ရုတ်တရက်ကျန်းမာရေးအခြေအနေကြောင့် ကွယ်လွန်သွားခဲ့တာ လာမယ့် (၂၃) ရက်နေ့ဆိုရင် တစ်နှစ်တိတိပြည့်တော့မှာပဲဖြစ်ပါတယ်။ ရေမွန်ကွယ်လွန်သွားတဲ့အတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်ကြသလို အနုပညာလောကသားတွေကလည်း နှမြောတသနဲ့ ဝမ်းနည်းကြလျက်ရှိပါတယ်။ ဒီတစ်ခါမှာလည်း ရေမွန့်ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က ရေမွန့်ကိုသတိရနေတဲ့အကြောင်းတွေကို ရင်ဖွင့်လာပါတယ်။

သင်ဇာဝင့်ကျော်က ရေမွန်သီဆိုထားတဲ့ “မင်းရွေးတဲ့လမ်း” သီချင်းလေးကို နားထောင်ရင်း ရေမွန့်ကိုလည်း သတိရနေကြောင်းကို “မမျှော်လင့်သောသံယောဇဉ် ခိုင်မာသွားခဲ့ပီမင်းနဲ့ 🖤 ဒီသီချင်းလေးခုရက်ပိုင်း ခန ခန နားထောင်ဖြစ်တယ်။ ဒီသီချင်းမှမဟုတ်ပါဘူး ဘယ်သီချင်းပဲဖန်တီး ဖန်တီး နားထောင်တဲ့သူ ရင်ထဲထိအောင် ဖန်တီးနိုင်တဲ့နင့်ကိုလဲ သတိရမိပါတယ် 😔” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ရေမွန်နဲ့ သင်ဇာဝင့်ကျော်တို့ကတော့ ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်သလို ရေမွန်ကလည်း သင်ဇာသီဆိုဖို့ သီချင်းတွေရေးပေးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သင်ဇာကလည်း ရေမွန်ရေးပေးထားတဲ့ သီချင်းကို သီဆိုဖို့ကိုလည်း ပြင်ဆင်နေလျက်ရှိပြီပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thin Zar Wint Kyaw ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

error: Alert: Content is protected !!