ရေမွန့်ကိုသတိရခြင်းများစွာနဲ့ ရေမွန်ကိုယ်တိုင်ရေးပေးထားတဲ့ ‘ရငျမခုနျတတျသူ’ သီချင်းသစ်လေးကို ချပြလာခဲ့တဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ အဆိုတော် ရေမွန်တို့ကတော့ အနုပညာလောကထဲမှာ ကျင်လည်နေကြတဲ့ အနုပညာရှင်တွေပီပီ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ်။ ရေမွန်ကွယ်လွန်သွားတဲ့အတွက်လည်း သင်ဇာဝင့်ကျော်က တော်တော်လေး စိတ်ထိခိုက်ဝမ်းနည်းခဲ့ရပြီး တိုက်ဆိုင်မှုတွေရှိတိုင်း ရေမွန့်ကို သတိရနေတာပဲဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ (၂၃) ရက်နေ့မှာတော့ ရေမွန်ကွယ်လွန်ခြင်းတစ်နှစ်ပြည့်နေ့အထိမ်းအမှတ်အဖြစ် သင်ဇာဝင့်ကျော်က သူမရဲ့ သီချင်းသစ်လေးကို ချပြလာပါတယ်။

သင်ဇာဝင့်ကျော်က “‘ရင်မခုန်တတ်သူ’ Official Music Video ဒီသီချင်းလေးကို ကွယ်လွန်သွားသူ တေးရေး တေးဆို သူငယ်ချင်းတွတ်ပီ (ခ) Raymond ဆီက 2013 လောက်ကဝယ်ထားခဲ့တာပါ။ ဒီသီချင်းကို တွတ်ပီက သူ့အမေဆိုဖို့အတွက်ရေးထားပေးတာဆိုပြီးဖွင့်ပြတယ် ဖွင့်ပြပြချင်းမှာပဲအရမ်းကြိုက်လို့ သူငယ်ချင်းရယ် ငါအရမ်းကြိုက်လို့ ငါ့ ပြန်ရောင်းပါဆိုပြီး အတင်းဝယ်ခဲ့တဲ့ သီချင်းလေး ဖြစ်ပေမဲ့ အခြေအနေအကြောင်းကြောင်းကြောင့် ကြားထဲမှာလဲ မအားပဲ သီချင်းဆိုတဲ့ဘက်ကို အချိန်အပြည့်အဝမပေးနိုင်ခဲ့လို့ သီချင်းသွင်းတဲ့အဆင့်မရောက်ပဲ တီချယ်ခင်မြတ်မွန်နဲ့သီချင်း ကျင့်ဖြစ်လိုက်ပြန်ပျက်လိုက်နဲ့ သူငယ်ချင်းတွတ်ပီသာဆုံးသွားတယ် သီချင်းမသွင်းဖြစ်ခဲ့ဘူး။ တီချယ်ကလဲ သမီးဆိုချင်ဆိုပါ သမီးဆိုပြီးမှတီချယ်ပြန်ဆိုမယ်ဆိုပြီးသေချာကျင့်ပေးခဲ့ပေမဲ့ အချိန်ပေးပြီးမဆိုဖြစ်ခဲ့လို့ တီချယ့်ကိုလဲ အရမ်းအားနာမိပါတယ်။”

“တွတ်ပီရှိတုန်းက မဆိုခဲ့မိလို့လဲနောင်တရလို့မဆုံးပါဘူး။ ဒါပေမဲ့လဲ သူနဲ့ပတ်သက်တဲ့အမှတ်တရတခုကျန်ခဲ့ချင်တဲ့စိတ်နဲ့ ဒါကိုဖြစ်အောင်လုပ်မယ်ဆိုပြီး တီချယ်ဆီဆက်သွယ် သီချင်းလေးကိုပြန်ထပ်ဝယ်ပြီး တွတ်ပီ ၁ နှစ်ပြည့်လေးမှာ အမှတ်တရဖြစ်သွားအောင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ တီချယ်ကိုလဲ surprise လုပ်ရင်း . . . . . ‘သတိရလွမ်းဆွတ်မှုများစွာဖြင့်ရင်ထဲအမြဲရှိနေမှာပါ။ နောင်ဘဝဆိုတာရှိခဲ့ရင် နင်နဲ့ပြန်ဆုံခွင့်ရချင်ပါသေးတယ် သူငယ်ချင်းရယ် . . . ‘Composed – Raymond ( IDIOTS )” ဆိုပြီး သူမရဲ့ သီချင်းလေးကို မျှဝေပေးလာပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ သီချင်းသစ်ဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ရေမွန်ကိုယ်တိုင်ရေးသားပေးခဲ့တာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် သီချင်းမသွင်းဖြစ်ခဲ့ရာ ရေမွန်ကွယ်လွန်ပြီးမှ သီချင်းကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ သီချင်းသစ်လေး “ရင်မခုန်တတ်သူ” သီချင်းလေးကို နားဆင်အားပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thin Zar Wint Kyaw ‘s fb

error: Alert: Content is protected !!