ရေမွန်ရေးပေးထားတဲ့ ‘ရင်မခုန်တတ်သူ’သီချင်းလေးနဲ့ပတ်သက်ပြီး လိုအပ်ချက်တစ်ခုအပေါ် ပြန်လည်တောင်းပန်လာခဲ့တဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်းမှာ ရုပ်ရှင်ရိုက်ကူးမှုတွေကို လျှော့ချပြီး အခြားသောအနုပညာလှုပ်ရှားမှုတွေအပေါ်ကိုသာ ပိုမိုအားစိုက်လာတာ ပရိသတ်တွေ သတိထားမိကြမယ်ထင်ပါတယ်။ မနေ့က ဇွန်လ (၂၃) ရက်နေ့မှာလည်း သင်ဇာဝင့်ကျော်က သူမရဲ့သူငယ်ချင်း ရေမွန်ကွယ်လွန်ခြင်း တစ်နှစ်ပြည့်နေ့အနေနဲ့ ရေမွန်ကိုယ်တိုင်ရေးသားပေးခဲ့တဲ့ သီချင်းလေးကိုထုတ်လုပ်ခဲ့ပြီး Music Video နဲ့တကွ ချပြလာခဲ့ပါတယ်။ အဆိုပါ ‘ရင်မခုန်တတ်သူ’ Official Music Video မှာ သင်ဇာဝင့်ကျော်အနေနဲ့ လိုအပ်ချက်တစ်ခုရှိခဲ့တာကြောင့် သက်ဆိုင်ရာပုဂ္ဂိုလ်နဲ့တကွ ပရိသတ်တွေကို ပြန်လည်တောင်းပန်လာခဲ့တာကို တွေ့ရပါတယ်။

သင်ဇာဝင့်ကျော်က “ပန်းချီ Artist nameထည့်ဖို့ကျန်ခဲတဲ့အတွက် တောင်းပန်ပါတယ်။ မလေးစားတာ အလေးမထားတာမဟုတ်ပါဘူး။ ပန်းချီဆရာနဲ့လဲကိုယ်တိုင်မတွေ့လိုက်ရပဲ တဆင့်ခံနဲ့ပဲဆွဲခိုင်းလိုက်ရတာမို့လို့ တင်ချင်ဇောများပြီး နာမည်မေးဖို့ရော credit ပေးဖို့ရောမေ့ပြီး ပေါ့ဆခဲ့လို့ တောင်းပန်ပါတယ်ရှင့်။ အသက်ကြီးကြီးငယ်ငယ် အမြဲလေးစား respect ထားပါတယ်။ အနုပညာဖန်တီးသူများအားလုံးကိုအစဉ်လေးစားလျက်ပါ ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တောင်းပန်လာခဲ့ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ‘ရင်မခုန်တတ်သူ’ Official Music Video မှာ ရေမွန့်ရဲ့ပုံတူပန်းချီကားလေးကို ရေးဆွဲပေးခဲ့တဲ့ YYH ART CLASS ကို ဖော်ပြဖို့ မေ့ကျန်ရစ်ခဲ့တာကြောင့် ပန်းချီကားရေးဆွဲသူနဲ့တကွ အားလုံးကို လေးလေးနက်နက်တောင်းပန်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သင်ဇာဝင့်ကျော်ရဲ့ လိုအပ်ချက်ကို ချစ်တဲ့မျက်စိနဲ့ကြည့်ပြီး နားလည်ခွင့်လွှတ်ပေးပါလို့ တောင်းဆိုပါရစေနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thin Zar Wint Kyaw ‘s fb

error: Alert: Content is protected !!