ရေမွန်မရှိတော့တဲ့နောက်ပိုင်း ခန္ဓာကိုယ်အလေးချိန် ပေါင် (၁၀၀) တောင်မပြည့်တော့တဲ့ မေမေခင်မြတ်မွန်အကြောင်းပြောလာတဲ့ လပြည့်ကဗျာ

အဆိုတော်မေမြတ်မွန်ကတော့ သူမရဲ့အနုပညာအမွေတွေကို သားဖြစ်သူရေမွန်နဲ့ သမီးဖြစ်သူ လပြည့်ကဗျာတို့ထံကို လက်ဆင့်ကမ်းအမွေပေးထားနိုင်တာဖြစ်ပါတယ်။ မေမြတ်မွန်ရဲ့သားကြီး ရေမွန်ကတော့ ပြီးခဲ့တဲ့နှစ်ဇွန်လကပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး အခုဆိုရင် (၁၁) လကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ ခင်မြတ်မွန်ဟာလည်း သူမရဲ့သားစိတ်နဲ့ တော်တော်လေးထိခိုက်ဝမ်းနည်းခဲ့ရပြီး ယနေ့ထိတိုင်ရေမွန့်ကိုသတိရတမ်းတနေဆဲဖြစ်ပါတယ်။

အားကိုးအားထားပြုရမယ့် သားတစ်ယောက်မရှိတော့တာကြောင့် အရင်လိုစိတ်ပျော်ရွှင်မှုအပြည့်အဝမရှိတော့တဲ့ ခင်မြတ်မွန်ဟာ ခန္ဓာကိုယ်ကလည်း သိသိသာသာပိန်ကျသွားခဲ့တာပဲဖြစ်ပါတယ်။ ခင်မြတ်မွန်ရဲ့ ယခင်ကပုံအဟောင်းလေးနဲ့ လက်ရှိပုံရိပ်တို့ကွာခြားသွားခဲ့တာကိုသတိထားမိတဲ့ ပရိသတ်တွေက ခင်မြတ်မွန်ရဲ့အကြောင်းကို မေးမြန်းခဲ့ရာ သမီးဖြစ်သူ လပြည့်ကဗျာက “အဲ့အချိန်တုန်းက ပေါင် ၁၂၅ လောက်ရှိတယ်။ အခုတော့ ၉၉ နဲ့ ၁၀၀ ကြားပဲရှိတော့တယ်” ဆိုပြီး မိခင်ဖြစ်သူရဲ့ ပြောင်းလဲသွားမှုကို ပြောပြခဲ့ပါတယ်။

ခင်မြတ်မွန်ကတော့ သူမရဲ့သွေးသားရင်း သားဖြစ်သူ ရေမွန် တိမ်းပါးပြီးနောက်မှာတော့ စိတ်ထောင်းကိုယ်ကြေဖြစ်ခဲ့ရသလို အဘက်ဘက်က တိုက်ခိုက်မှုတွေအတွက်ကြောင့်လည်း စိတ်ဆင်းရဲခဲ့ရတာကြောင့် အခုလို ပေါင် (၁၀၀) တောင်မပြည့်တော့တဲ့ အနေအထားဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။ ခင်မြတ်မွန်တစ်ယောက် နေကောင်းကျန်းမာပြီး အရင်လိုပြန်ဖြစ်လာဖို့မျှော်လင့်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Lapyae Gabyar. ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!