ရေမွန်နဲ့ပတ်သက်ပြီး သေတဲ့အထိယူသွားမယ့် စိတ်ဒဏ်ရာတစ်ခုကို ရင်ဖွင့်ပြောပြလာခဲ့တဲ့ ခင်မြတ်မွန်
အဆိုတော်မေမြတ်မွန်ကတော့ သူမရဲ့အနုပညာအမွေတွေကို သားဖြစ်သူရေမွန်နဲ့ သမီးဖြစ်သူ လပြည့်ကဗျာတို့ထံကို လက်ဆင့်ကမ်းအမွေပေးထားနိုင်တာဖြစ်ပါတယ်။ မေမြတ်မွန်ရဲ့သားကြီး ရေမွန်ကတော့ ပြီးခဲ့တဲ့နှစ်ဇွန်လကပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး အခုဆိုရင် လူ့လောကထဲကထွက်ခွာသွားတာ တစ်နှစ်တိတိပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးသွားပေမယ့် ဝမ်းနဲ့လွယ်မွေးခဲ့ရတဲ့ မိခင်ကတော့ ရေမွန်နဲ့ပတ်သက်တာလေးတွေကို မကြည့်ရဲ၊ နားမထောင်ရဲတဲ့ စိတ်ဒဏ်ရာကြီးခံစားနေရကြောင်း အခုလိုပဲရင်ဖွင့်လာပါတယ်။
“တွတ်ပီမရှိတော့တဲ့နေ့ကတည်းက သူ့အင်တာဗျူးတွေ၊သီချင်းတွေ နားထောင်လို့မရ၊ကြည့်လို့မရတော့လို့ မကြည့်ဖြစ်၊နားမထောင်ဖြစ်တာကြာပြီ။ ဒီကြားထဲ စိတ်ပြေလက်ပျောက် Shopping လေးသွားရင်ဈေးဆိုင်အတော်များများက ကိုယ်တွေကိုမြင်တာနဲ့ တွတ်ပီသီချင်းတွေ ထထဖွင့်လို့ထွက်ပြေးခဲ့ရပေါင်းများပြီ။ ခံနိုင်ရည်မရှိဘူး။ ခုန.. မီးဖိုခန်းထဲအလုပ်လုပ်ရင်း ပျင်းလွန်းလို့ ရေဒီယိုလေးဖွင့်မိတယ်။ ရွှေ FM က သီချင်းတစ်ပုဒ်(9:15)မှာလွှင့်တာ Intro ကြားတော့(ငါကြားဖူးလိုက်တာ အတီးလေးကကောင်းလိုက်တာ)တွေးပြီး ဆက်နားထောင်တော့ တွတ်ပီရဲ့ အိပ်ယာဝင်တေး !!! (တွတ်ပီသီချင်းတွေထဲက ကိုယ်အကြိုက်ဆုံးစာရင်းထဲပါတဲ့သီချင်း) စာသား၊သံစဉ်၊ music arrange အားလုံးကြိုက်တော့ ပိတ်မပစ်ရက်ဘူး။ ကိုယ့်ကိုကိုယ်လဲ အထင်ကြီးပြီးလျှော့တွက်မိတယ်။”
“ငါနားထောင်နိုင်လောက်ပါတယ်။ခံနိုင်ရည်ရှိလောက်ပါပြီ. . .လို့ သီချင်းကလဲတအားကောင်း၊သူ့အသံလေးလဲ မကြားရကြာပြီမို့ ဆက်နားထောင်လိုက်တာ တစ်ဝက်လောက်လဲရောက်ရော ရင်တွေတဒိန်းဒိန်းခုန်ပြီး အောင့်တက်လာတယ်💔 မျက်ရည်တွေလဲဘယ်ကဘယ်လိုကျလာမှန်းမသိဘူး 😢😥 မဟန်နိုင်တော့တာနဲ့ မီးဖိုခန်းဝ နံရံကိုမှီကိုင်ပြီးရပ်နေလိုက်ရတယ်။ ခလေးနှစ်ကောင်ကတော့ မအေအဖြစ်ကိုမသိလိုက်ဘူး။ အိပ်ခန်းထဲရယ်မော၊စားသောက်လို့။ သေချာတယ် . တွတ်ပီသီချင်းနားထောင်လို့မရသေးတာ သူ့ပုံတွေကြည့်လို့မရသေးတာ အဲ့ဒီစိတ်ဒဏ်ရာကြီး သေတော့မှဘဲ ကိုယ်နဲ့အတူပါသွားတော့မယ် ထင်ပါရဲ့။ တွတ်ပီရေ. .အရမ်းလွမ်းတယ်. အသဲတွေလဲ တစ်စစီကွဲကြေပြီး ရင်ကွဲနာကျနေပြီ 😢💔😥” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
ခင်မြတ်မွန်ကတော့ သားကိုဆုံးရှုံးထားရတဲ့ မိခင်တစ်ယောက်ပီပီ သားကိုလွမ်းဆွတ်တမ်းတရင်း ရင်ကွဲနာကျမတတ်ခံစားနေရတာပဲဖြစ်ပါတယ်။ အန်တီခင်မြတ်မွန်ရဲ့အဖြစ်ကတော့ သားသမီးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တွေတိုင်း ထပ်တူထပ်မျှခံစားနိုင်ကြမယ်ထင်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Khin Myat Mon’s fb