ရေမွန်ကွယ်လွန်ခြင်း တစ်နှစ်ပြည့်မှာ ရေမွန်ရဲ့ ငယ်ဘဝပုံတူဓာတ်ပုံလေးကို သေရာပါတက်တူးထိုးခဲ့တဲ့ ခင်မြတ်မွန်

တစ်နိုင်ငံလုံးက ပရိသတ်တွေကို အသည်းခွဲသွားခဲ့တဲ့ အဆိုတော်ရေမွန်ကတော့ ဒီကနေ့ ဇွန်လ (၂၃) ရက်နေ့မှာ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ ရေမွန်ကွယ်လွန်ပြီးတဲ့နောက်မှာ ရေမွန့်ကိုချစ်တဲ့ မိသားစုဝင်တွေကလည်း သတိရအောက်မေ့ကြသလို သူ့ကိုချစ်တဲ့ ပရိသတ်တွေကလည်း ဒီနေ့ဒီအချိန်ထိ မေ့လို့မရနိုင်သေးပါဘူး။ အထူးသဖြင့် ဒီကနေ့လို ရေမွန်ကွယ်လွန်ခြင်း တစ်နှစ်ပြည့်နေ့မှာ သွားလေသူရေမွန်ကို အရင်ကထက်ပိုပြီး သတိရနေကြတာဖြစ်ပါတယ်။

ရေမွန့်ကို ဝမ်းနဲ့လွယ်ပြီးမွေးဖွားခဲ့တဲ့ မိခင်ဖြစ်သူ ခင်မြတ်မွန်ကတော့ ဒီနေ့ဒီအချိန်ထိ သတိရနေဆဲဖြစ်ပြီး ဒီနေ့ ရေမွန်ကွယ်လွန်ခြင်း တစ်နှစ်ပြည့်နေ့မှာလည်း ရေမွန့်ကိုသတိရစွာနဲ့ အမှတ်တရလေးတစ်ခု ဖန်တီးခဲ့ပါတယ်။ ခင်မြတ်မွန်က “တွတ်ပီ တစ်နှစ်ပြည့် အမှတ်တရ Tattoo ထပ်မံထိုးဖြစ်တယ်။ Like mother like son Like son like mother. . .” ဆိုပြီး ရေမွန်နဲ့ သူမရဲ့ ငယ်ဘဝပုံရိပ်နဲ့ ရေမွန့်ရဲ့ငယ်ဘဝပုံရိပ်လေးကို သေရာပါ တက်တူးထိုးခဲ့တာဖြစ်ပါတယ်။

တက်တူးတွေကိုကြိုက်တဲ့ ရေမွန်ကတော့ အမေဖြစ်သူတက်တူးထိုးထားတယ်ဆိုတာကိုတောင် သိခွင့်မရပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ခင်မြတ်မွန်က ဒီကနေ့ရေမွန်ကွယ်လွန်ခြင်း တစ်နှစ်ပြည့်မှာ တက်တူးအသစ်တွေထပ်မံထိုးခဲ့တာဖြစ်ပါတယ်။ ရေမွန့်ရဲ့ညီမလေး လပြည့်ကဗျာကလည်း ရေမွန့်ရဲ့ပုံတူဓာတ်ပုံလေးကို တက်တူးထပ်မံထိုးခဲ့သေးတာကို တွေ့ရပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Khin Myat Mon’s fb

error: Alert: Content is protected !!