ရေမွန့်ရဲ့ အငွေ့အသက်တွေရှိနေဆဲဖြစ်တဲ့ အင်္ကျီလေးကိုကြည့်ရင်း သတိရမိတဲ့အကြောင်းတွေ ဖွင့်ဟလာတဲ့ လပြည့်ကဗျာ

တစ်နိုင်ငံလုံးက ပရိသတ်တွေ လေးစားချင်ခင်ရတဲ့ အဆိုတော်ရေမွန်ကတော့ ရုတ်တရက်ကွယ်လွန်သွားခဲ့တာ တစ်နှစ်နီးပါးရှိခဲ့ပြီဆိုပေမယ့် ပရိသတ်တွေရဲ့ အောက်မေ့သတိရခြင်းကို ခံနေရဆဲဖြစ်ပါတယ်။ အထူးသဖြင့် ရေမွန့်ရဲ့ မိသားစုဝင်တွေကတော့ ရေမွန့်ကိုသတိရနေဆဲဖြစ်ပြီး ရေမွန်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကိုလည်း ပြုလုပ်နေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ရေမွန်ရှိစဉ်ကတည်းက ရေမွန့်ရဲ့ဝေယျာဝစ္စတွေကို အနီးကပ်လုပ်ဆောင်ပေးရတဲ့ ညီမလေး လပြည့်ကဗျာက တိုက်ဆိုင်မှုတွေရှိတိုင်း ရေမွန့်ကို အမြဲသတိရနေဆဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း လပြည့်ကဗျာက အစ်ကိုဖြစ်သူရဲ့အဝတ်တွေကိုလျှော်ဖို့လုပ်ရင်း “အကျီလေးတွေလျှော်ပေးဖို့ ထုတ်ရင်း ဒီအင်္ကျီလေးထွက်လာလို့ အင်္ကျီကို အတင်း အိတ်ထဲထိုးထည့်ထားတော့ ကြေမွနေတာပဲ.. အင်းးးး လွမ်းရပြန်ပြီ။ လျှော်ဖို့ဆိုတာ သူ့အိတ်ထဲ စုပြုံထည့်ထားတဲ့ တခြားအ၀တ်အစားတွေ အထည် ၂၀၀ကျော်လောက်တွေပဲလျှော်မှာပါ. လှူပဲလှူလှူ။ သိမ်းပဲသိမ်းသိမ်း။ မလျှော်ပဲထားလဲ အကျီမှာ မှိုစွဲပီး ပျက်ဆီးမှာမို့ပါ။ အထင်ကရ ၀တ်ခဲ့တဲ့အထည်လေးတွေတော့ ပရုပ်လုံးထည့်ပီး သေချာဘီဒီုထဲထည့်သိမ်းထားပါတယ် ❤️” ဆိုပြီး အစ်ကိုဖြစ်သူရဲ့ အင်္ကျီ ဟောင်းလေးကိုကြည့်ရင်း သတိရတဲ့အကြောင်းတွေပြောထားတာပဲဖြစ်ပါတယ်။

ရေမွန်ကတော့ ဘဝတစ်ပါးကူးပြောင်းပြီး အေးချမ်းသွားပြီဆိုပေမယ့် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေကတော့ အမှတ်တရတွေတွေ့ရတိုင်း အောက်မေ့သတိရနေဆဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရေမွန့်ကိုသတိရနေမယ်ဆိုတာ သေချာပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Lapyae Gabyar – လပွည့ျ ကဗြာ ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ေရမြန႔္ရဲ႕ အေငြ႕အသက္ေတြရွိေနဆဲျဖစ္တဲ့ အက်ႌေလးကိုၾကည့္ရင္း သတိရမိတဲ့အေၾကာင္းေတြ ဖြင့္ဟလာတဲ့ လျပည့္ကဗ်ာ

တစ္ႏိုင္ငံလုံးက ပရိသတ္ေတြ ေလးစားခ်င္ခင္ရတဲ့ အဆိုေတာ္ေရမြန္ကေတာ့ ႐ုတ္တရက္ကြယ္လြန္သြားခဲ့တာ တစ္ႏွစ္နီးပါးရွိခဲ့ၿပီဆိုေပမယ့္ ပရိသတ္ေတြရဲ႕ ေအာက္ေမ့သတိရျခင္းကို ခံေနရဆဲျဖစ္ပါတယ္။ အထူးသျဖင့္ ေရမြန႔္ရဲ႕ မိသားစုဝင္ေတြကေတာ့ ေရမြန႔္ကိုသတိရေနဆဲျဖစ္ၿပီး ေရမြန္နဲ႔ပတ္သက္တဲ့ အမွတ္တရေလးေတြကိုလည္း ျပဳလုပ္ေနဆဲျဖစ္ပါတယ္။ အထူးသျဖင့္ ေရမြန္ရွိစဥ္ကတည္းက ေရမြန႔္ရဲ႕ေဝယ်ာဝစၥေတြကို အနီးကပ္လုပ္ေဆာင္ေပးရတဲ့ ညီမေလး လျပည့္ကဗ်ာက တိုက္ဆိုင္မႈေတြရွိတိုင္း ေရမြန႔္ကို အၿမဲသတိရေနဆဲျဖစ္ပါတယ္။

ဒီကေန႔မွာလည္း လျပည့္ကဗ်ာက အစ္ကိုျဖစ္သူရဲ႕အဝတ္ေတြကိုေလွ်ာ္ဖို႔လုပ္ရင္း “အက်ီေလးေတြေလွ်ာ္ေပးဖို႔ ထုတ္ရင္း ဒီအက်ႌေလးထြက္လာလို႔ အက်ႌကို အတင္း အိတ္ထဲထိုးထည့္ထားေတာ့ ေၾကမြေနတာပဲ.. အင္းးးး လြမ္းရျပန္ၿပီ။ ေလွ်ာ္ဖို႔ဆိုတာ သူ႔အိတ္ထဲ စုၿပဳံထည့္ထားတဲ့ တျခားအ၀တ္အစားေတြ အထည္ ၂၀၀ေက်ာ္ေလာက္ေတြပဲေလွ်ာ္မွာပါ. လႉပဲလႉလႉ။ သိမ္းပဲသိမ္းသိမ္း။ မေလွ်ာ္ပဲထားလဲ အက်ီမွာ မႈိစြဲပီး ပ်က္ဆီးမွာမို႔ပါ။ အထင္ကရ ၀တ္ခဲ့တဲ့အထည္ေလးေတြေတာ့ ပ႐ုပ္လုံးထည့္ပီး ေသခ်ာဘီဒီုထဲထည့္သိမ္းထားပါတယ္ ❤️” ဆိုၿပီး အစ္ကိုျဖစ္သူရဲ႕ အက်ႌ ေဟာင္းေလးကိုၾကည့္ရင္း သတိရတဲ့အေၾကာင္းေတြေျပာထားတာပဲျဖစ္ပါတယ္။

ေရမြန္ကေတာ့ ဘဝတစ္ပါးကူးေျပာင္းၿပီး ေအးခ်မ္းသြားၿပီဆိုေပမယ့္ က်န္ရစ္ခဲ့တဲ့ မိသားစုဝင္ေတြကေတာ့ အမွတ္တရေတြေတြ႕ရတိုင္း ေအာက္ေမ့သတိရေနဆဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေရမြန႔္ကိုသတိရေနမယ္ဆိုတာ ေသခ်ာပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Lapyae Gabyar – လပြည့် ကျဗာ ‘s fb

error: Alert: Content is protected !!