ရေမွန့်ရဲ့ သီချင်းတွေကို မိသားစုဆီခွင့်မတောင်းပဲ သီဆိုခွင့်မပြုဘူးလို့ အသိပေးလာတဲ့ လပြည့်ကဗျာ

အဆိုတော်ရေမွန်ကတော့ Idiots Band နဲ့ အတူတူ သူ့ရဲ့ဂီတအနုပညာလမ်းကြောင်းတစ်လျှောက်မှာ သီချင်းကောင်းတွေများစွာ သီဆိုခဲ့တာပဲဖြစ်ပါတယ်။ ရေမွန်ကတော့ ပြီးခဲ့တဲ့နှစ်ကပဲ မမျှော်လင့်ပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူချစ်တဲ့ အနုပညာအလုပ်တွေကိုလည်း အပြီးတိုင်စွန့်လွှတ်ခဲ့ရတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ရေမွန်ရဲ့ညီမရင်းဖြစ်သူ အဆိုတော်လပြည့်ကဗျာက ရေမွန့်ရဲ့တေးသီချင်းတွေနဲ့ပတ်သက်ပြီး ခွင့်မတောင်းပဲ သီဆိုခွင့်မပြုတော့ဘူးလို့ အခုလိုပဲ အသိပေးလာခဲ့ပါတယ်။

လပြည့်ကဗျာက “🔴Social media များတွင် မိသားစုအား အသိပေးခွင့်တောင်းခြင်းမပြုဘဲ သီဆိုခွင့်ပြုမည်မဟုတ်ကြောင်း ၁၁လပြည့် 🔴 လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ကိုယ်နဲ့ခင်တဲ့ မိတ်ဆွေထဲကပဲ လပြည့်တို့ဆီ ဖုန်းဆက်လာပါတယ်။ ဘပီ ၁နှစ်ပြည့်အတွက် ဘပီရဲ့ လူသိများတဲ့ သီချင်းထဲက တစ်ပုဒ်ကိုCover ပြန်ဆိုချင်တယ်ပေါ့နော်။ Band နဲ့က တီးပြီးသွားပြီ။ အဲ့ဒါ လှမ်းခွင့်တောင်းတာပါဆိုပြီး ဆက်သွယ်ပြောဆိုလာတာပါ။ အခုတလောလဲ Cover Song ကိစ္စပြသနာတွေ တက်နေတာ အကုန်လုံးသိကြမှာပါ။ တချို့ဆို Cover Song ဆိုပြီး သီချင်းပိုင်ရှင် မသိလိုက်ပဲ Youtube ပေါ်ထိရောက်သွားတဲ့ ကိစ္စတွေလဲရှိပါတယ်။”

“အဲ့ဒါကြောင့် ဘပီရေးစပ်သီဆိုခဲ့သော သီချင်းများအား ဘပီ ၁နှစ်ပြည့်အတွက် ၊ ဘပီပရိတ်သတ်များ Tribute အနေနဲ့ပဲဖြစ်ဖြစ်၊ နောက်ပိုင်း ကိုယ်ကြိုက်နှစ်သက်လို့ Cover ပြန်ဆိုတာပဲဖြစ်ဖြစ် ကိုယ်တိုင်တီးခတ်ထားတဲ့ ❗️Only Guitar / Only Piano နဲ့ပဲ ဆိုခွင့်ပြုပါတယ်။ မိမိ၏ Facebook Account တင်ခြင်းမှလွဲ၍ ခွင့်မပြုပါ။ ( မိသားစုကိုတော့ လေးစားသောအားဖြင့် အသိပေးအကြောင်းကြားပေးပါ )။ ❗️Studioတွင် Band နှင့် တီးခတ်အသံသွင်း၍ MV, Lyric Video များပြုလုပ်ပြီး Facebook , YouTubeအပြင် အခြား social media များတွင် မိသားစုမသိရှိပဲ အသိပေးခွင့်တောင်းခြင်းမပြုဘဲ သီဆိုခြင်းအား လုံးဝခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ဆက်စပ်၍လည်း ဓာတ်ပုံ၊ပုံတူပန်းချီ၊ Caricature ပန်းချီပုံနှင့် Logo အမှတ်တံဆိပ်၊ အခြားဆက်စပ်ပုံရိပ်များကို စီးပွါးဖြစ် ကူးယူအသုံးပြု ရောင်းချခြင်းများအားခွင့်မပြုပါကြောင်း ၁၁ လပြည့်နေ့လေးမှာ တခါတည်း အသိပေးလိုက်ပါတယ်ရှင် ❤️ (အခု Hit ဖြစ်နေ တဲ့ Cover Song ပြိုင်ပွဲသီချင်းဟာ ဘပီရှိစဉ္ထဲက Commercial အတွက် ရိုက်ကူးသီဆိုထားတာဖြစ်ပါတယ်။ ကြော်ငြာ သီချင်းဖြစ်နေလို့ ခွင့်ပြုခြင်း မပြုခြင်းက တေးရေးနဲ့ပဲဆိုင်ပါတယ်နော် နားလည်မုှလွဲမှာစိုးလို့ပါ ❤️)” ဆိုပြီး အသိပေးခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Lapyae Gabyar’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ေရမြန႔္ရဲ႕ သီခ်င္းေတြကို မိသားစုဆီခြင့္မေတာင္းပဲ သီဆိုခြင့္မျပဳဘူးလို႔ အသိေပးလာတဲ့ လျပည့္ကဗ်ာ

အဆိုေတာ္ေရမြန္ကေတာ့ Idiots Band နဲ႔ အတူတူ သူ႔ရဲ႕ဂီတအႏုပညာလမ္းေၾကာင္းတစ္ေလွ်ာက္မွာ သီခ်င္းေကာင္းေတြမ်ားစြာ သီဆိုခဲ့တာပဲျဖစ္ပါတယ္။ ေရမြန္ကေတာ့ ၿပီးခဲ့တဲ့ႏွစ္ကပဲ မေမွ်ာ္လင့္ပဲ ကြယ္လြန္သြားခဲ့တာျဖစ္ၿပီး သူခ်စ္တဲ့ အႏုပညာအလုပ္ေတြကိုလည္း အၿပီးတိုင္စြန႔္လႊတ္ခဲ့ရတာပဲျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ေရမြန္ရဲ႕ညီမရင္းျဖစ္သူ အဆိုေတာ္လျပည့္ကဗ်ာက ေရမြန႔္ရဲ႕ေတးသီခ်င္းေတြနဲ႔ပတ္သက္ၿပီး ခြင့္မေတာင္းပဲ သီဆိုခြင့္မျပဳေတာ့ဘူးလို႔ အခုလိုပဲ အသိေပးလာခဲ့ပါတယ္။

လျပည့္ကဗ်ာက “🔴Social media မ်ားတြင္ မိသားစုအား အသိေပးခြင့္ေတာင္းျခင္းမျပဳဘဲ သီဆိုခြင့္ျပဳမည္မဟုတ္ေၾကာင္း ၁၁လျပည့္ 🔴 လြန္ခဲ့တဲ့ ၁၀ ရက္ေလာက္က ကိုယ္နဲ႔ခင္တဲ့ မိတ္ေဆြထဲကပဲ လျပည့္တို႔ဆီ ဖုန္းဆက္လာပါတယ္။ ဘပီ ၁ႏွစ္ျပည့္အတြက္ ဘပီရဲ႕ လူသိမ်ားတဲ့ သီခ်င္းထဲက တစ္ပုဒ္ကိုCover ျပန္ဆိုခ်င္တယ္ေပါ့ေနာ္။ Band နဲ႔က တီးၿပီးသြားၿပီ။ အဲ့ဒါ လွမ္းခြင့္ေတာင္းတာပါဆိုၿပီး ဆက္သြယ္ေျပာဆိုလာတာပါ။ အခုတေလာလဲ Cover Song ကိစၥျပသနာေတြ တက္ေနတာ အကုန္လုံးသိၾကမွာပါ။ တခ်ိဳ႕ဆို Cover Song ဆိုၿပီး သီခ်င္းပိုင္ရွင္ မသိလိုက္ပဲ Youtube ေပၚထိေရာက္သြားတဲ့ ကိစၥေတြလဲရွိပါတယ္။”

“အဲ့ဒါေၾကာင့္ ဘပီေရးစပ္သီဆိုခဲ့ေသာ သီခ်င္းမ်ားအား ဘပီ ၁ႏွစ္ျပည့္အတြက္ ၊ ဘပီပရိတ္သတ္မ်ား Tribute အေနနဲ႔ပဲျဖစ္ျဖစ္၊ ေနာက္ပိုင္း ကိုယ္ႀကိဳက္ႏွစ္သက္လို႔ Cover ျပန္ဆိုတာပဲျဖစ္ျဖစ္ ကိုယ္တိုင္တီးခတ္ထားတဲ့ Only Guitar / Only Piano နဲ႔ပဲ ဆိုခြင့္ျပဳပါတယ္။ မိမိ၏ Facebook Account တင္ျခင္းမွလြဲ၍ ခြင့္မျပဳပါ။ ( မိသားစုကိုေတာ့ ေလးစားေသာအားျဖင့္ အသိေပးအေၾကာင္းၾကားေပးပါ )။ ❗️Studioတြင္ Band ႏွင့္ တီးခတ္အသံသြင္း၍ MV, Lyric Video မ်ားျပဳလုပ္ၿပီး Facebook , YouTubeအျပင္ အျခား social media မ်ားတြင္ မိသားစုမသိရွိပဲ အသိေပးခြင့္ေတာင္းျခင္းမျပဳဘဲ သီဆိုျခင္းအား လုံးဝခြင့္ျပဳမည္မဟုတ္ေၾကာင္းႏွင့္ ဆက္စပ္၍လည္း ဓာတ္ပုံ၊ပုံတူပန္းခ်ီ၊ Caricature ပန္းခ်ီပုံႏွင့္ Logo အမွတ္တံဆိပ္၊ အျခားဆက္စပ္ပုံရိပ္မ်ားကို စီးပြါးျဖစ္ ကူးယူအသုံးျပဳ ေရာင္းခ်ျခင္းမ်ားအားခြင့္မျပဳပါေၾကာင္း ၁၁ လျပည့္ေန႔ေလးမွာ တခါတည္း အသိေပးလိုက္ပါတယ္ရွင္ ❤️ (အခု Hit ျဖစ္ေန တဲ့ Cover Song ၿပိဳင္ပြဲသီခ်င္းဟာ ဘပီရွိစၪၳဲက Commercial အတြက္ ႐ိုက္ကူးသီဆိုထားတာျဖစ္ပါတယ္။ ေၾကာ္ျငာ သီခ်င္းျဖစ္ေနလို႔ ခြင့္ျပဳျခင္း မျပဳျခင္းက ေတးေရးနဲ႔ပဲဆိုင္ပါတယ္ေနာ္ နားလည္မုွလြဲမွာစိုးလို႔ပါ ❤️)” ဆိုျပီး အသိေပးခဲ့တာပဲျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Lapyae Gabyar’s fb

error: Alert: Content is protected !!