ရေချိုးခန်းထဲချော်လဲပြီး ခေါင်း(၆)ချက်ချုပ်လိုက်ရတဲ့ မိခင်အကြောင်းပြောပြလာခဲ့တဲ့ သရုပ်ဆောင်နိုင်းနိုင်းရဲ့ညီမ ဖူးဖူး
မင်းသားချော နိုင်းနိုင်းကတော့ တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်သွင်ပြင်နဲ့ တောင့်တင်းခိုင်မာတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် ပရိသတ်တွေအားပေးချစ်ခင်ခြင်းခံရသူတစ်ယောက်ပါပဲ။ နိုင်းနိုင်းရဲ့ညီမ ဖူးဖူးကလည်း အစ်ကိုဖြစ်သူရဲ့ခြေရာကိုနင်းပြီး သရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်ကာ နာမည်ရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဖူးဖူးက ရေချိုးခန်းထဲချော်လဲပြီး ခေါင်း(၆)ချက်ချုပ်လိုက်ရတဲ့ မိခင်အကြောင်းပြောပြလာခဲ့တာကို တွေ့ရပါတယ်။
ဖူးဖူးက “😔ဒုတိယအကြိမ်မေမေကျီးပေါင်းမူးပြီး ရေချိုးခန်းထဲလဲကျတာ ခေါင်းထိလို့ ၆ချက်ချုပ်လိုက်ရပါတယ် ဦးရေပြားကွဲသွားတာ ဦးခွံမထိလို့တော်သေးတာပါ🙏😔 စိတ်တွေပူပြီးထူပူနေတုန်း မဖူးတို့မိသားစုကိုအမြဲဂရုစိုက်ကြည့်ပေးတဲ့ဆရာဝန်မောင်လေးနဲ့အမျိုးသမီးကိုကျေးဇူးအများကြီးတင်ပါတယ်နော်🙏🙏🙏မနက်ဖြန် X-ray n CT scan သွားရိုက်ရပါမယ်🥺မေမေသနားပါတယ် ဖူးသာကိုယ်စားချုပ်ခံလို့ရရင်ခံပေးပါတယ်နော်😰 အနာအမြန်သက်သာပါစေမေမေ🙏🙏🙏ပါးကြီးလဲပင်ပန်းသွားရပါတယ် အမေ ပါးကြီးသာဖူးဘဝရဲ့အားတွေပါ😥 မေမေနေမကောင်းတိုင်းအမြဲကူညီပေးတဲ့အိန်ဂျယ်လေးကိုလဲကျေးဇူးတင်ရပါတယ်🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြလာပါတယ်။
ဖူးဖူးကတော့ ဝေဒနာခံစားနေရတဲ့ မိခင်ကိုကြည့်ပြီး သနားလွန်းလို့ သူမကိုယ်တိုင်သာဖြစ်လိုက်ချင်ကြောင်း စိတ်မကောင်းစွာပြောလာတာပဲဖြစ်ပါတယ်။ နိုင်းနိုင်းနဲ့ ဖူးဖူးတို့ရဲ့မေမေလည်း ဝေဒနာတွေသက်သာပြီး အမြန်ဆုံးနေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Phoo Phoo ‘s fb