ရာသီတုပ်ကွေးကြောင့် ကလေးအချို့ ဆေးရုံတက်ရပြီး နေထိုင်မကောင်းဖြစ်နေကြကြောင်း အသိပေးလာခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ကိုယ်ကျိုးကိုမငဲ့ကွက်ပဲ အများအကျိုးအတွက် ရှေ့ဆုံးကနေ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတမင်းသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက စောင့်ရှောက်သူမဲ့နေတဲ့ ကလေးတွေကို ရင်အုပ်မကွာပြုစုစောင့်ရှောက်နေသလို ကလေးတွေရှေ့ရေးအတွက်ပါ စဉ်းစားဆောင်ရွက်ပေးတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခိုင်နှင်းဝေက သူမရဲ့ဂေဟာမှာ ကလေးလေးတွေ နေမကောင်းဖြစ်ပြီး အချို့က ဆေးရုံတက်ဆေးကုသမှုခံယူနေရတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

ခိုင်နှင်းဝေက “ရာသီကြောင့် ကလေး တချို့ ဆေးခန်းပြရ ဆေးရုံတက်ကြရပါတယ်..ကျမ ကလေးတွေကိုရော ဝန်ထမ်းတွေ အားလုံးကိုပါ စမ်းသပ်ခ နှင့် ဆေးဝါးများပါ အခမဲ့ ကုသပေးပါသော တောင်ဒဂုံမြို့နယ် ရှိ “အေးသစ္စာ” (၂၄) နာရီ အထူးကု ဆေးခန်း မှ တာဝန်ရှိသူများနှင့် ဆရာဝန်ကြီးများ၊ဝန်ထမ်းများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်..ကျမ ကလေးတွေပါ မက အနယ်နယ် အရပ်ရပ်မှ ကလေးများ အားလုံးကို စောင့်ရှောက် ကုသပေးပါသော “ရန်ကင်း ကလေး ဆေးရုံကြီး” မှ တာဝန်ရှိ ဆရာဝန်ကြီးများ နှင့် ဝန်ထမ်းများ အားလုံးကိုလဲ အထူး ကျေးဇူးတင်ရှိပါတယ်ရှင်..🙏🙏🙏…” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာပါတယ်။

ခိုင်နှင်းဝေကတော့ ရာသီတုပ်ကွေးကြောင့် ကလေးအချို့ ဆေးရုံတက်ရပြီး နေထိုင်မကောင်းဖြစ်နေကြတယ်ဆိုပေမယ့် အလှူရှင်အချို့ကြောင့် ဆေးရုံစရိတ်တွေ အဆင်ပြေသွားခဲ့တဲ့အကြောင်းကို ကျေးဇူးတင်စွာပြောလာတာပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေရဲ့ ကလေးလေးတွေလည်း အမြန်ဆုံးနေကောင်းကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Khine Hnin Wai ‘s fb

error: Alert: Content is protected !!