ရာသက်ပန်သာသနာ့ဘောင်ထဲကိုဝင်သွားတဲ့ သားကြီးကို သွားရောက်ဖူးမျှော်ရင်း ခြေဆုပ်လက်နယ်ပြုစုကာ ကုသိုလ်ယူနေတဲ့ မနော
တေးသံရှင် မနောကတော့ ပရိသတ်တွေအကြိုက် မြန်မာသံစဉ်တေးသီချင်းတွေကို သီဆိုရင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မနောက မြန်မာသံစဉ်တေးသံရှင်ပီပီ မြန်မာမှုကိုမြတ်နိုးသူတစ်ယောက်ဖြစ်ပြီး ဘာသာရေးကိုလည်း အတော်လေးယုံကြည်လုပ်ကိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သားနဲ့သမီးကိုလည်း သာသနာ့ဘောင်ထဲကို သွပ်သွင်းပေးထားခဲ့တဲ့ မနောဟာ ဒီတစ်ခါမှာလည်း နေထိုင်မကောင်းဖြစ်နေတဲ့ ကိုရင်လေးကို ခြေဆုပ်လက်နယ်ပြုပေးခဲ့တယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
မနောက “ဆရာတော်ကြီးက ခန္ဓာကိုယ် နွေးပြီး ဖျားချင်သလိုဖြစ်နေလို့ ဗမာဆေးဖြစ်တဲ့ အုန်းဆီလိမ်းပေးခဲ့တယ်ဗျို့ 🙏 မြတ်စွာဘုရားဟောကြားခဲ့တဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားတော်တွေ သင်ယူရတာ လောကီစာတွေထက် အဆ တစ်ရာပိုကြိုးစားနေရတယ်တဲ့ဗျို့ 🙏 မိဘဆီ ဖုန်းကိုမဆက်လို့ လွမ်းတာနဲ့ ကျောင်းသွားတွေ့ရသေးတယ်ဟဲဟဲ🙏🙏 ” ဆိုပြီး ကိုရင်ဝတ်နေတဲ့ သားလေးကို ခြေဆုပ်လက်နယ်ပြုစုပေးခဲ့ကြောင်း ပြောလာပါတယ်။
မနောကတော့ သူ့ရဲ့အချစ်ဆုံး သားနဲ့သမီးကို နောင်ဘဝဆိုတဲ့ သံသရာခရီးမှာ တစ်ပတ်မလည်စေချင်တဲ့အတွက် သာသနာ့ဘောင်ထဲကို သွပ်သွင်းပေးခဲ့တာဖြစ်ပြီး မိဘတစ်ယောက်အနေနဲ့တော့ လိုအပ်တာမှန်သမျှကို ဖြည့်ဆည်းဆောင်ရွက်ပေးနေဆဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မနောတို့ သားအဖနှစ်ယောက်ကိုကြည့်ပြီး ပီတိတွေကူးစက်သွားကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: မေနာ Manaaw ‘s fb