ရည်းစားပူမိတာကအစ အမေနဲ့ရန်ဖြစ်တာအဆုံး နားလည်မျှဝေပေးတဲ့ အစ်ကိုဖြစ်သူရေမွန်ကို သတိရကြောင်း ရင်ဖွင့်လာတဲ့ လပြည့်ကဗျာ
စ်နိုင်ငံလုံးက ပရိသတ်တွေ လေးစားချင်ခင်ရတဲ့ အဆိုတော်ရေမွန်ကတော့ ရုတ်တရက်ကွယ်လွန်သွားခဲ့တာ တစ်နှစ်နီးပါးရှိခဲ့ပြီဆိုပေမယ့် ပရိသတ်တွေရဲ့ အောက်မေ့သတိရခြင်းကို ခံနေရဆဲဖြစ်ပါတယ်။ အထူးသဖြင့် ရေမွန့်ရဲ့ မိသားစုဝင်တွေကတော့ ရေမွန့်ကိုသတိရနေဆဲဖြစ်ပြီး ရေမွန်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကိုလည်း ပြုလုပ်နေဆဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ရေမွန့်ရဲ့ အမေတူ အဖေကွဲညီမလေးလပြည့်ကဗျာက သတိရတဲ့အကြောင်းတွေကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။
လပြည့်ကဗျာက “ရည်းစားပူမိရင် ဖုန်းဆက်ပီး ရင်ဖွင့်နေကြ Online shop လုပ်ရင်း အရင်းပြုတ်တဲ့အခါ လိုသလောက် မုန့်ဖိုးထုတ်ပေးနေကြ အမေနဲ့ ကတောက်ကစ ဖြစ်လို့ စိတ်ညစ်တဲ့အခါတိုင်း ကိုယ်တိုင်လာခေါ်ပီး မုန့်ဆိုင်လိုက်ပို့နေကြ အကျီလှလှလေး ပစ္စည်းလှလှလေး လိုချင်တဲ့အခါ ပူဆာတိုင်း သူ့မှာရှိရှိ မရှိရှိဝယ်ပေးနေကြ ခရီးတခုသွားတိုင်း မိသားစုအတွက် ဝယ်တတ်သလို လက်ဆောင်ပစ္စည်းလေးတွေ ဝယ်လာပေးနေကြ ဘီယာဆိုတာမျိူးကို သောက်တတ်အောင် အမေ့ကွယ်ရာမှာ ဝယ်တိုက်နေကြ စိတ်ဓာတ်ကျတဲ့အခါတိုင်း ကိုယ့်ခံစားချက်ကို နားလည်ပေးပီး စိတ်ဓာတ်ခွန်အားအမြဲပေးနေကြ အိမ်ကပြန်ခါနီး အချိန်တိုင်း နဖူးလေးကို သူ့နုှတ်ခမ်းမွှေးစူးစူးကြီးနဲ့ အတင်းထိပီး အာဘွားပေးနေကြ အမှားတွေလုပ်မိတိုင်းမဆူမငေါက်ပဲနဲ့ မှားဖို့ မကြောက်သင့်ကြောင်း လူတိုင်းမှားတတ်တာမို့ အဲ့အမှားကနေ သင်ခန်းစာယူတတ်အောင် လမ်းပြပေးနေကြ အဲ့လိုလူမျိုး ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Lapyae Gabyar’s fb