ရည်းစားနဲ့ Ro လို့ မပြီးနိုင်ဘူးလို့ ဝေဖန်ကြတဲ့သူတွေကို သူမရဲ့စိတ်ခံစားချက်အတိုင်း ဖြေရှင်းလာခဲ့တဲ့ သင်ဇာဝင့်ကျော်
သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေ နှစ်ပေါင်းများစွာချစ်ခဲ့ရတဲ့ ပြည်သူချစ်သရုပ်ဆောင်တစ်ယောက်ပါပဲ။ သင်ဇာဝင့်ကျော်က အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမရိုက်ကူးဖြစ်တော့ပေမယ့် ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး မကြာသေးခင်ကလည်း သူမရဲ့သီချင်းသစ်လေးကို ချပြခဲ့ပါသေးတယ်။ ဒီကနေ့မှာတော့ သင်ဇာဝင့်ကျော်က သူမရဲ့ချစ်သူနဲ့ ပတ်သက်ပြီး ဝေဖန်ကြသူတွေကို အခုလိုပဲဖြေရှင်းလာခဲ့တာကို တွေ့ရပါတယ်။
သင်ဇာဝင့်ကျော်က “ချစ်ပေးကြလို့ကျေးဇူးပါအချစ်ကလေးတွေရေ 🥰🥰🥰 Ro လို့မပြီးနိုင်ကြဘူးလားဆိုတော့ ကြိုက်လာတာ ၂ နှစ်ပြည့်တော့မယ် ခုမှ Ro ရတာမို့နားလည်ခွင့်လွှတ်ပေးကြပါနော်။ ရည်းစားမထားဘူးမှန်းသိသာတယ်လို့ပြောနေကြတာတွေ့လို့ ဟုတ်ကဲ့ပါ သူရောကျမရောရည်းစားထားဖူးပါတယ် အရင်လူတွေတုန်းက photo ရိုက်တာဝါသနာသိပ်မပါတဲ့သူနဲ့ဆို မရိုက်ဖြစ်ဘူးသူနဲ့ကျတော့ဝါသနာတူ မို့လို့ရိုက်ဖြစ်တင်ဖြစ်တာပါ အချိန်တန်ရင်ပြတ်မှာပဲဆိုတာကလဲ အိမ်ထောင်ပြုပြီးရင်တောင် ကွဲတတ်ကြသေးတာပဲဆိုတော့ တယောက်နဲ့တယောက်ရေစက်ပါသလောက်ပဲပေါ့နော် ဘယ်အရာကိုမှခုထိ အတင်းလုပ်ယူခဲ့တာမရှိပါဘူး စိတ်ခံစားချက်အတိုင်းပဲသွားပါတယ်ရှင့် 😊😊😊 ” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ကတော့ သူမနဲ့သူမတို့ချစ်သူတို့ဟာ စိတ်တူကိုယ်တူ ဝါသနာတူတာကြောင့် အရင်ကထက် ဓာတ်ပုံတွေတင်ဖြစ်တာလို့လည်း ဆိုပါတယ်။ ပရိသတ်ကြီးကလည်း သင်ဇာတို့ချစ်သူနှစ်ယောက်ကို ချစ်တဲ့မျက်လုံးနဲ့ကြည့်ပေးကြပါနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Thin Zar Wint Kyaw ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်