`ရင်မခုန်တတ်သူ´ သီချင်းမှာပါတဲ့ ရေမွန့်ရဲ့ပုံတူပန်းချီကားကို ရေမွန့်ရဲ့မိသားစုဆီ လက်ဆောင်ပြန်ပေးခဲ့တဲ့ သင်ဇာဝင့်ကျော်
သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ အဆိုတော် ရေမွန်တို့ကတော့ အနုပညာလောကထဲမှာ ကျင်လည်နေကြတဲ့ အနုပညာရှင်တွေပီပီ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဇွန်လ (၂၃) ရက်နေ့မှာလည်း သင်ဇာဝင့်ကျော်က ရေမွန်ရေးသားပေးခဲ့တဲ့ “ရင်မခုန်တတ်သူ” သီချင်းလေးကို ပရိသတ်တွေဆီ ချပြခဲ့ပါသေးတယ်။ ရေမွန်ရေးသားပေးခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ “ရင်မခုန်တတ်သူ” သီချင်းလေးဟာလည်း ပရိသတ်တွေနှစ်ခြိုက်ပြီး အားပေးကြတာကိုလည်း တွေ့ရပါတယ်။
ဒီကနေ့မှာလည်း သင်ဇာဝင့်ကျော်က `ရင်မခုန်တတ်သူ´ သီချင်းထဲက အရေးပါတဲ့ပစ္စည်းလေးတစ်ခုကို ရေမွန့်ရဲ့မိသားစုတွေဆီ လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ရေမွန်ရဲ့ညီမလေး လပြည့်ကဗျာက “`ရင်မခုန်တတ်သူ´ သီချင်းမှာပါတဲ့ ကိုတွတ် ပန်းချီကားလေးကို 🥰 လက်ဆောင်လေးပေးလို့ Thank you so much ပါ။ မမ Thin Zar Wint Kyaw 😘” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာပါတယ်။
သင်ဇာဝင့်ကျော်က သူမရဲ့ `ရင်မခုန်တတ်သူ´ သီချင်းထဲမှာ သူငယ်ချင်းရေမွန်ရဲ့ ပုံတူပန်းချီကားလေးကို အသုံးပြုခဲ့ပြီး ထိုပန်းချီကို ရေမွန့်ရဲ့မိသားစုတွေဆီပဲ လက်ဆောင်ပြန်ပေးခဲ့တာပဲဖြစ်ပါတယ်။ ရေမွန်တို့မိသားစုလေးကတော့ သင်ဇာဝင့်ကျော်ရဲ့လက်ဆောင်လေးအတွက် တော်တော်လေးဝမ်းသာနေကြလျက်ရှိတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Lapyae Gabyar’s fb