ရခိုင်ပြည်နယ်က ဘုန်းတော်ကြီးကျောင်းဆောက်လုပ်ဖို့ အလှူငွေ (၁၀) သိန်းတိတိလှူဒါန်းခဲ့တဲ့ နေတိုးတို့ဇနီးမောင်နှံ

မင်းသားချောနေတိုးကတော့ မြန်မာမင်းသားတွေထဲမှာ အကျော်ကြားဆုံး နာမည်ကြီးမင်းသားတစ်လက်ပဲဖြစ်ပါတယ်။ အသက် (၄၀) ကျော်ထိတိုင် အောင်မြင်မှုတွေ တဖွဲဖွဲသိမ်းယူရရှိထားတဲ့ နေတိုးဟာ သူ့ရဲ့ဘဝလက်တွဲဖော်ကြင်ယာနဲ့လည်း အသက် (၄၀) ကျော်မှ လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ နေတိုးဟာ လက်ရှိမှာတော့ သူ့ရဲ့အနုပညာအလုပ်တွေကိုလည်း လုံးဝရပ်နားထားပြီး ကြင်စဦးဇနီးမောင်နှံဘဝကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေ လုံးဝရပ်နားထားပေမယ့် အလှူအတန်းမှာတော့ အရင်အတိုင်း လှူဒါန်းနေမြဲဖြစ်တဲ့ နေတိုးဟာ ဒီကနေ့မှာလည်း သူ့ရဲ့ဇနီး မသဲဆုမြတ်ရွှေနဲ့အတူတူ ကုသိုလ်တစ်ခု ပြုခဲ့ပြန်ပါတယ်။ နေတိုးတို့ဇနီးမောင်နှံက ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ တောင်စိုင်းကမ်းဒေသ၊ ချောင်းကြီးဘုန်းတော်ကြီးကျောင်းဆောက်လုပ်ရန်အတွက် ပထမအကြိမ် အလှူတော်ငွေကျပ်(၁၀)သိန်းတိတိ ကို ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်ရှိ အဆိုပါ ချောင်းကြီးဆရာတော်အားပေးအပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

နေတိုးတို့ ဇနီးမောင်နှံကတော့ အလှူအတန်းတွေအတူတူလုပ်ရင်း ကောင်းတူဆိုးဖက်အတူတူ ဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးတို့ဇနီးမောင်နှံရဲ့ အလှူလေးကိုကြည့်ပြီး ထပ်တူပီတိဖြစ်ဝမ်းသာနေကြမယ်လို့ ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Ashin kumara ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

error: Alert: Content is protected !!