ရက် (၃၀) အတွင်း ကိုယ်အလေးချိန် (၁၅) ပေါင်ကျသွားခဲ့တဲ့ ပြောင်းလဲမှုကို ပြသလာခဲ့တဲ့ မြတ်သူသူ

ပြည်သူချစ်သရုပ်ဆောင် မြတ်သူသူကတော့ ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ဖူးသလို ဇာတ်လမ်းတွဲတွေမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာအလုပ်ကို လုပ်ကိုင်နေရသူတစ်ယောက်ပီပီ ကိုယ့်ကိုကိုယ်အမြဲတမ်းလှပနေအောင် ပရိသတ်စိတ်တိုင်းကျဖြစ်အောင် အမြဲတမ်းကြိုးစားနေရတဲ့ မင်းသမီး မြတ်သူသူဟာ ပြီးခဲ့တဲ့နှစ်မှာတော့ သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် ခန္ဓာကိုယ်အလေးချိန် တက်လာခဲ့ရတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မြတ်သူသူက သူမရဲ့ ပြောင်းလဲမှုတစ်ခုကို ပရိသတ်တွေဆီ မျှဝေပေးလာပါတယ်။ မြတ်သူသူက “မနေနိုင်တော့လို့ ညကြီးတင်ပါရစေ ❣️❣️❣️ တလအတွင်း ပေါင်ချိန် 150 ကနေ 135 စုစုပေါင်း(15)ပေါင်ကျအမှတ်တရ 😍 ပုံလေးတွေကို edit လုံးဝမလုပ်ထားပါဘူးနော်။ မြတ်သူအတွက် ပေါင်ချိန် 150 ဖြစ်ခဲ့တဲ့ကာလတွေက အလှအပတခုတင်မဟုတ်ပဲ ယုံကြည်မှုပါ ပျောက်ဆုံးခဲ့ရတဲ့ကာလတွေပါပဲ။ မိန်းကလေးသဘာဝကျန်းမာရေးကိစ္စကြောင့် ဆေးရုံတက်ခွဲစိတ်ရပြီးဝိတ်တက်သွားတာ ပေါင်ချိန် 150 😫
လူတွေ့ရင် ဝလာတယ်နော် ပုံပျက်သွားလိုက်တာ ဒီအတိုင်းပဲနေတော့မှာလားဆိုတဲ့ စကားတွေကို အပေါ်ယံမျက်နာကပဲ ပြုံးပြနိုင်ခဲ့ပေမယ့် ရင်ထဲမှာ ယုံကြည်ချက်တွေပျောက်ခဲ့ရတာ ခံစားဖူးကြတဲ့သူချင်းဆို ပိုနားလည်မှာပါ။ ဒါကြောင့် မြတ်သူ တလအတွင်းစနစ်တကျနဲ့ဝိတ်ချခဲ့တဲ့အကြောင်းလေးကို အားလုံးကိုပြောပြချင်ပါတယ်။ မြတ်သူအတွက် ယုံကြည်ချက်တွေပြန်ရလာစေခဲ့တာ Apple Clinic ပါပဲ။ အခုဆို အလုပ်ပြန်လုပ်ဖို့လည်း ယုံကြည်မှုရှိလာပါပြီ။ ထပ်ပြီးတော့လည်း ဝိတ်ဆက်ချပါဦးမယ်။ စေတနာမေတ္တာအပြည့်နဲ့ ဂရုစိုက်ပေးတဲ့ ဆရာမလှလှလေးဖူးပွင့်ခိုင်နဲ့ ဆေးခန်းကလူတွေအားလုံး တကယ်ကျေးဇူးအများကြီးတင်မိပါတယ်။ နောက်ရက်ကျရင် Live လေးလွှင့်ပြီးသေချာရှင်းပြပေးဦးမယ်နော် 😍” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

မြတ်သူသူကတော့ ပရိသတ်တွေအတွက်ရော သူမကိုယ်သူမအတွက်ရော ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချခဲ့ရင်း အခုဆိုရင် ပေါင်ချိန် (၁၅) ပေါင်တိတိကို တစ်လအတွင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြတ်သူသူရဲ့ ပြောင်းလဲမှုကိုကြည့်ပြီး အားကျနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Myat Thu Thu-မြတ်သူသူ’s fb

error: Alert: Content is protected !!