ရက်ရက်စက်စက် စွန့်ပြစ်ခံထားရတဲ့ မွေးကင်းစရက်သားအရွယ် ကလေးငယ်တစ်ယောက်ကို ခေါ်ယူစောင့်ရှောက်ပေးသွားမယ်ဆိုတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ကိုယ်ကျိုးကိုမငဲ့ကွက်ပဲ အများအကျိုးအတွက် ရှေ့ဆုံးကနေ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတမင်းသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက စောင့်ရှောက်သူမဲ့နေတဲ့ ကလေးတွေကို ရင်အုပ်မကွာပြုစုစောင့်ရှောက်နေသလို ကလေးတွေရှေ့ရေးအတွက်ပါ စဉ်းစားဆောင်ရွက်ပေးတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ခိုင်နှင်းဝေဟာ ပရိသတ်တွေကြားမှာ ပရဟိတမင်းသမီးလေးရယ်လို့ ကောင်းသတင်းနဲ့ကျော်ကြားသူဖြစ်ပါတယ်။

ကလေးပေါင်းများစွာကို စောင့်ရှောက်ပေးထားတဲ့ ခိုင်နှင်းဝေဟာ ဒီတစ်ခေါက်မှာတော့ စွန့်ပစ်ခံကလေးတစ်ယောက်ကို ထပ်မံခေါ်ယူမွေးစားမယ့်အကြောင်းကို ပရိသတ်တွေဆီ အသိပေးလာပါတယ်။ ခိုင်နှင်းဝေက “သဲကုန်းဘက်မှ မွေးကင်းစ ရက်သား ယောကျာၤးလေး တစ်ဦးကို စွန့်ပစ်ထား၍ လိုအပ်တာများ စုံစမ်းသည့် အခါ အမှန် တကယ် စွန့်ပစ်ထားပါသောကြောင့် ကျမတို့ “ခိုင်” မိသားစု မှ ခေါ်ယူမွေးစား စောင့်ရှောက်သွားဖြစ်ပါမယ်ရှင်..🙏🙏🙏” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ သူမရဲ့ဂေဟာလေးမှာ ထပ်မံပြီးခေါ်ယူမွေးစားဖြစ်မယ့် သားငယ်လေးအကြောင်းကို ပရိသတ်တွေသိအောင် ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ သားလေးလည်း ခိုင်နှင်းဝေရဲ့ဂေဟာလေးမှာ ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Khine Hnin Wai ‘s fb

error: Alert: Content is protected !!