အဆိုတော် Ah Boy ကတော့ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ဆောက်ထားသလို စီးပွားရေးကလည်းအောင်မြင်ပြီး လူချစ်လူခင်လည်းပေါများတဲ့ Ah Boy ဟာ ပျော်ပျော်နေတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ပျော်ပျော်နေတတ်ပြီး စကားပြောကောင်းတဲ့ Ah Boy ကို ချစ်ခင်စွာနဲ့ အားပေးကြပါတယ်။

အမြဲတမ်း ရွှတ်ရွှတ်နောက်နောက်ပြောဆိုတတ်တဲ့ Ah Boy ဟာ ဒီကနေ့မှာလည်း ဖောက်ပြန်မှုတွေများတဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်က ကိစ္စတွေကြောင့် အမျိုးသားထုကြီးကို ကယ်တင်ပေးဖို့ အဆိုတော်နေဝင်းနဲ့ ဖေ့စ်ဘုတ်ဆယ်လီ သူရိန်ကျော်မိုးတို့ကို အပူကပ်လာခဲ့တာကို တွေ့ရပါတယ်။ Ah Boy က “သားကြီး Nay Win တို့… Thu Rayn Kyaw Moe တို့ရေ… ငါတို့ကို နည်းနည်းပါးပါးလေး ပြန်ကယ်ကြပါဦးဟ… 🥹🙏🏻” ဆိုပြီး သူ့ရဲ့ေ့ဖစ်ဘုတ်စာမျက်နှာမှာ အရွှန်းဖောက်လာခဲ့ပါတယ်။

Ah Boy ကတော့ သူတို့အမျိုးသားထုကြီးကို ကယ်တင်ပေးဖို့ မိန်းမချစ်ယောကျာ်းတွေဖြစ်တဲ့ နေဝင်းနဲ့ သူရိန်ကျော်မိုးတို့ကို တောင်းဆိုလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Ah Boy ရဲ့ အဖြစ်ကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Ah Boy ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

error: Alert: Content is protected !!