မွေးရာပါဆံပင်ကြောင့် စိတ်တိုင်းမကျမှုတွေရှိကြောင်း ရင်ဖွင့်ပြောပြလာခဲ့တဲ့ ရွှေမှုံရတီ

မင်းသမီးချောလေး ရွှေမှုံရတီ အသက် (၂၀) ကျော်အရွယ်မှာတင် အဆိုတော် ရွှေထူးနဲ့ အိမ်ထောင်ကျခဲ့တာဖြစ်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေမှုံရတီက အိမ်ထောင်ကျတာ အချိန်အတော်ကြာခဲ့ပြီဆိုပေမယ့် ရင်သွေးမယူသေးပဲ ခင်ပွန်းဖြစ်သူရွှေထူးနဲ့ နှစ်ယောက်တည်း သာယာတဲ့ အချိန်တွေကို ဖန်တီးနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာအလုပ်တွေနဲ့ နှစ်အတော်ကြာဝေးကွာနေတဲ့ ရွှေမှုံရတီဟာ မကြာခင်မှာတော့ အရင်လို အလုပ်တွေပြန်လည်လုပ်ကိုင်တော့မယ်လို့အင်တာဗျူးတွေမှာ ဖြေကြားထားပါတယ်။

တစ်ကိုယ်လုံးဆင်းလုံးချောလှပြီး အမြဲတမ်းယုံကြည်မှုအပြည့်ရှိတဲ့ ရွှေမှုံရတီဟာ ဒီတစ်ခါမှာတော့ သူမကိုယ်သူမ စိတ်တိုင်းမကျတဲ့အချိန်တွေလည်းရှိရကြောင်းကို ပြောပြလာခဲ့ပါတယ်။ ရွှေမှုံရတီက “မွေးရာပါဆံပင်ကောက်ရှိရင် Every day က bad hair day ပဲ 😩😩😩😩 ပုံမသွင်းရင် ဆံပင်က အရူးမလိုပဲ 😢😢”ဆိုပြီး သူမရဲ့ ခံစားချက်ကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ သူမရဲ့မွေးရာပါ ဆံပင်ကောက်ကြောင့် ဆံပင်နဲ့ပတ်သက်ပြီး စိတ်တိုင်းမကျရကြောင်းပြောလာတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ရွှေမှုံရတီက သူမရဲ့ဆံပင်ကို အမြဲတမ်းလိုလို ဆံပင်တုအသုံးပြုတတ်တာတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Shwe Mhone Yati’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!