မွေးနေ့အမှတ်တရအဖြစ် ခိုင်နှင်းဝေရဲ့ဂေဟာမှာ အလှူငွေတွေလှူဒါန်းပေးတဲ့ ပရိသတ်တွေကြောင့် ပီတိဖြစ်ရတဲ့ မေမီကိုကို
သရုပ်ဆောင် မေမီကိုကိုကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ထပ်တူကျအောင် ဖန်တီးခဲ့တာမို့ လူကြီး လူငယ် ပရိသတ်တွေ အားလုံးရဲ့ ကြိုက်နှစ်သက်အားပေးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ မေမီကိုကိုဟာ သရုပ်ဆောင်ကောင်းသလို စိတ်နှလုံးသားလေးလည်း နူးညံ့သိမ်မွေ့တာကြောင့် လူချစ်လူခင်ပေါများတဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားပါဘူး။
ဒီကနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့ကတော့ မေမီကိုကိုရဲ့ မွေးနေ့လေးပဲ ဖြစ်ပြီး မေမီကိုကိုရဲ့ ပရိသတ်တွေက မွေးနေ့ရှင်လေးအတွက် ခိုင်နှင်းဝေရဲ့ဂေဟာမှာ ငွေကျပ် (၂) သိန်း လှူဒါန်းပေးခဲ့ပါတယ်။ မေမီကိုကိုကတော့ သူမပရိသတ်တွေရဲ့ ကုသိုလ်အတွက် “မွေးနေ့လေးအတွက် Honey Ko Ko Group က စီစဉ်ပေးဖြစ်တဲ့ မွေးနေ့အကြိုအလှူလေးပါရှင့်။ Honey KoKo တဖွဲ့လုံးကို ကျေးဇူးအထူးတင်ပါတယ် အချစ်တို့ရေ.. ပိုပြီးလည်းချစ်ရပါတယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ကျေးဇူးတင်ကြောင်း ပြောလာပါတယ်။
မေမီကိုကိုကတော့ မွေးနေ့မှာ ချစ်ရသူတွေကြောင့် ကုသိုလ်တွေအများကြီးရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့မွေးနေ့ရှင်လေး မေမီကိုကိုအတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: May Mi Ko Ko’s fb