မွေးနေ့အကြိုအလှူအဖြစ် ဘိုးဘွားရိပ်သာမှာ သွားရောက်လှူဒါန်းရင်း အဘိုးအဘွားတွေနဲ့ အဖော်ပြုစကားပြောပေးခဲ့တဲ့ တိုင်ရွန်

သရုပ်ဆောင်နဲ့ မော်ဒယ်လ်တိုင်ရွန်ကတော့ ဆွဲဆောင်မှုရှိပြီး ခန့်ညားတဲ့ရုပ်ရည်သွင်ပြင်တို့ကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အများအပြားရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ တိုင်ရွန်ဟာ နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာအလုပ်တွေကို လျှော့ချခဲ့ပြီး ပရိသတ်တွေနဲ့လည်း အချိန်အကြာကြီးထိတွေ့မှု နည်းပါးသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၂၇) ရက်နေ့ကတော့ တိုင်ရွန်ရဲ့မွေးနေ့ဖြစ်ပြီး တိုင်ရွန်က သူ့ရဲ့မွေးနေ့မတိုင်ခင်ကတည်းကနေ ဘိုးဘွားရိပ်သာမှာ အလှူတွေလုပ်ခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။

တိုင်ရွန်က “မွေးနေ့အကြိုအလှုုလေးပါ မွန်မြတ်စိတ်ထား တွယ်ရာမဲ့ ဘိုး/ဘွား ရိပ်သာ လေးမှာ သွားရောက်လှုုဒါန်းဖြစ်ခဲ့ပါတယ်။ လိုအပ်ချက်လေးတွေရှိနေတဲ့ နေရာလေးတစ်ခုဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနှင့်လဲ ဝိုင်းဝန်းကူညီပေးလှည့်ပါဦး။ အဖိုးအဖွားများနှင့် စကားလေးတွေ သွားပြောပေးကြအဖော်ပြုပေးကြပါဦး” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

တိုင်ရွန်ကတော့ မွေးနေ့အတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း အကျိုးရှိရှိဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်တိုင်ရွန်အတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Tyron ‘s fb

error: Alert: Content is protected !!