မွေးနေ့ရှင်မရှိတော့တဲ့ (၂) နှစ်မြောက်နေ့ကို ရင်နာနာနဲ့ဖြတ်သန်းနေရတယ်ဆိုတဲ့ ရေမွန်ရဲ့မေမေ ခင်မြတ်မွန်

အဆိုတော် ရေမွန်ကတော့ Idiots အဖွဲ့က ပင်တိုင်အဆိုရှင်တစ်ယောက်အဖြစ်သာမက တေးရေးဆရာတစ်ယောက်အဖြစ်လည်း နာမည်ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ ရေမွန်ရဲ့ မိခင်ဟာ အဆိုတော် ခင်မြတ်မွန်ဖြစ်ပြီး ရေမွန်ရဲ့ဖခင်ဟာတော့ တေးရေးစောခူဆဲ ပဲဖြစ်ပါတယ်။ ရေမွန်အသက် (၁) နှစ်အရွယ်မှာပဲ ခင်မြတ်မွန်နဲ့ စောခူဆဲတို့ဟာ ကွာရှင်းလိုက်တာမို့ ရေမွန်ဟာ ငယ်စဉ်ကတည်းက အဖေမရှိပဲ မွေးနေ့တွေကို ဖြတ်သန်းခဲ့ရကြောင်း ခင်မြတ်မွန်က အခုလိုပဲ ပြောလာပါတယ်။

ခင်မြတ်မွန်က “ဒီနှစ်ကတော့ မွေးနေ့+မွေးရက်(26.11.22 Saturday) တိုက်ဆိုင်စွာ ထူးထူးခြားခြားထပ်တူကျတဲ့ နေ့လေးပါ။ သူသာရှိနေရင် အတော်လေးပျော်ဖို့ကောင်းမှာဘဲ။ သူ့အတွက် နောက်ဆုံးကျင်းပခဲ့ရတဲ့ မွေးနေ့ဟာ (26.11.20) ပါ။ ခု သူမရှိတော့တဲ့ သူ့မွေးနေ့ဟာ(၂)ကြိမ်တိုင်ခဲ့ပါပြီ။ မွေးနေ့ရှင်မရှိတော့လို့ မကျင်းပနိုင်တော့တဲ့ မွေးနေ့ပွဲတွေအတွက် အမှတ်တရပုံတွေလဲ ဘယ်တော့မှမရိုက်နိုင်၊ထွက်မလာနိုင်တော့လို့ (2020) နှစ်(နောက်ဆုံးမွေးနေ့)ပုံလေးတွေဘဲ အလွမ်းပြေ တင်လိုက်နိုင်တော့တယ် 😥 သူ့ရဲ့တစ်နှစ်ပြည့်မွေးနေ့ဖိတ်စာလေး သိမ်းထားတာ ခုထိရှိသေးလို့ အမှတ်တရ တင်လိုက်ပါတယ်။ (အဲ့ဒီမွေးနေ့ပွဲအချိန်တုန်းက သူ့အဖေအတူရှိပါသေးတယ်၊နှစ်နှစ်ပြည့်ကစပြီး သူ့မွေးနေ့တိုင်း အမေတစ်ယောက်ထဲဘဲသူ့အနားမှာရှိခဲ့တာ ခုချိန်ထိပါ) တွတ်ပီအသက်(၃)လပြည့်၊ဗန္ဓုလပန်းခြံမှာ ဓါတ်ပုံရိုက်‌တော့ သူ့အဖေက သူ့ကိုချီမြှောက်ထားရလို့ သူ့အဖေ ရဲ့ရှပ်အင်္ကျီဖြူဝတ်ထားတဲ့ လက်မောင်းဘဲပါလာလို့ အဲ့တုန်းကရီခဲ့ကြသေးတယ်။ သူ့အဖေနဲ့အတူတွဲရိုက်ဖူးတာ အဲ့တစ်ပုံပါဘဲ။ နောက်ထပ်ရိုက်ဖို့ အခွင့်အရေး မရခဲ့ဘူး။ သူ့အသက်တစ်နှစ်ကျော်မှာ စွန့်ပစ်သွားခဲ့တာ သူဆုံးပါးချိန်ထိပါ။ စိတ်ထိခိုက်ဝမ်းနည်း၊နာကျင်ရတဲ့ကြားကဘဲ မွေးနေ့မွေးရက်ထပ်တူကျလို့ နှုတ်ဆက်လိုက်ပါတယ် HAPPY BIRTHDAY …ပါ တွတ်ပီလေးရေ..🌹 (အမေကတော့ ငိုနေရပြန်ပြီ). . .😢💔😥”ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ခင်မြတ်မွန်ကတော့ သူမကိုယ်တိုင် ဝမ်းနဲ့လွယ်ပြီး မွေးဖွားခဲ့ရုံသာမကပဲ အသက်သုံးဆယ်ကျော်အရွယ်ထိ ကလေးလေးတစ်ယောက်လို ယုယုယယကျွေးမွေးစောင့်ရှောက်ခဲ့ရတဲ့ သားလေး ရေမွန်ကို ဒီနေ့မှာ ပိုပြီး သတိရနေတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Khin Myat Mon ‘s fb

မွေးနေ့ရှင်မရှိတော့တဲ့ (၂) နှစ်မြောက်နေ့ကို ရင်နာနာနဲ့ဖြတ်သန်းနေရတယ်ဆိုတဲ့ ရေမွန်ရဲ့မေမေ ခင်မြတ်မွန်

အဆိုတော် ရေမွန်ကတော့ Idiots အဖွဲ့က ပင်တိုင်အဆိုရှင်တစ်ယောက်အဖြစ်သာမက တေးရေးဆရာတစ်ယောက်အဖြစ်လည်း နာမည်ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ ရေမွန်ရဲ့ မိခင်ဟာ အဆိုတော် ခင်မြတ်မွန်ဖြစ်ပြီး ရေမွန်ရဲ့ဖခင်ဟာတော့ တေးရေးစောခူဆဲ ပဲဖြစ်ပါတယ်။ ရေမွန်အသက် (၁) နှစ်အရွယ်မှာပဲ ခင်မြတ်မွန်နဲ့ စောခူဆဲတို့ဟာ ကွာရှင်းလိုက်တာမို့ ရေမွန်ဟာ ငယ်စဉ်ကတည်းက အဖေမရှိပဲ မွေးနေ့တွေကို ဖြတ်သန်းခဲ့ရကြောင်း ခင်မြတ်မွန်က အခုလိုပဲ ပြောလာပါတယ်။

ခင်မြတ်မွန်က “ဒီနှစ်ကတော့ မွေးနေ့+မွေးရက်(26.11.22 Saturday) တိုက်ဆိုင်စွာ ထူးထူးခြားခြားထပ်တူကျတဲ့ နေ့လေးပါ။ သူသာရှိနေရင် အတော်လေးပျော်ဖို့ကောင်းမှာဘဲ။ သူ့အတွက် နောက်ဆုံးကျင်းပခဲ့ရတဲ့ မွေးနေ့ဟာ (26.11.20) ပါ။ ခု သူမရှိတော့တဲ့ သူ့မွေးနေ့ဟာ(၂)ကြိမ်တိုင်ခဲ့ပါပြီ။ မွေးနေ့ရှင်မရှိတော့လို့ မကျင်းပနိုင်တော့တဲ့ မွေးနေ့ပွဲတွေအတွက် အမှတ်တရပုံတွေလဲ ဘယ်တော့မှမရိုက်နိုင်၊ထွက်မလာနိုင်တော့လို့ (2020) နှစ်(နောက်ဆုံးမွေးနေ့)ပုံလေးတွေဘဲ အလွမ်းပြေ တင်လိုက်နိုင်တော့တယ် 😥 သူ့ရဲ့တစ်နှစ်ပြည့်မွေးနေ့ဖိတ်စာလေး သိမ်းထားတာ ခုထိရှိသေးလို့ အမှတ်တရ တင်လိုက်ပါတယ်။ (အဲ့ဒီမွေးနေ့ပွဲအချိန်တုန်းက သူ့အဖေအတူရှိပါသေးတယ်၊နှစ်နှစ်ပြည့်ကစပြီး သူ့မွေးနေ့တိုင်း အမေတစ်ယောက်ထဲဘဲသူ့အနားမှာရှိခဲ့တာ ခုချိန်ထိပါ) တွတ်ပီအသက်(၃)လပြည့်၊ဗန္ဓုလပန်းခြံမှာ ဓါတ်ပုံရိုက်‌တော့ သူ့အဖေက သူ့ကိုချီမြှောက်ထားရလို့ သူ့အဖေ ရဲ့ရှပ်အင်္ကျီဖြူဝတ်ထားတဲ့ လက်မောင်းဘဲပါလာလို့ အဲ့တုန်းကရီခဲ့ကြသေးတယ်။ သူ့အဖေနဲ့အတူတွဲရိုက်ဖူးတာ အဲ့တစ်ပုံပါဘဲ၊ နောက်ထပ်ရိုက်ဖို့ အခွင့်အရေး မရခဲ့ဘူး။ သူ့အသက်တစ်နှစ်ကျော်မှာ စွန့်ပစ်သွားခဲ့တာ သူဆုံးပါးချိန်ထိပါ။ စိတ်ထိခိုက်ဝမ်းနည်း၊နာကျင်ရတဲ့ကြားကဘဲ မွေးနေ့မွေးရက်ထပ်တူကျလို့ နှုတ်ဆက်လိုက်ပါတယ် HAPPY BIRTHDAY …ပါ တွတ်ပီလေးရေ..🌹 (အမေကတော့ ငိုနေရပြန်ပြီ). . .😢💔😥” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ခင်မြတ်မွန်ကတော့ သူမကိုယ်တိုင် ဝမ်းနဲ့လွယ်ပြီး မွေးဖွားခဲ့ရုံသာမကပဲ အသက်သုံးဆယ်ကျော်အရွယ်ထိ ကလေးလေးတစ်ယောက်လို ယုယုယယကျွေးမွေးစောင့်ရှောက်ခဲ့ရတဲ့ သားလေး ရေမွန်ကို ဒီနေ့မှာ ပိုပြီး သတိရနေတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Khin Myat Mon ‘s fb

error: Alert: Content is protected !!