မွေးနေ့မှာ မမေ့နိုင်တဲ့ပျော်စရာအမှတ်တရတွေကို ဖန်တီးပေးခဲ့တဲ့ အဖေနဲ့ အမေကို ကျေးဇူးတင်စကားပြောလိုက်တဲ့ သီဟအောင်

သရုပ်ဆောင်ကြီး ကိုကိုဦးကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ဖိုက်တင်သရုပ်ဆောင်၊ လူကြမ်းကြီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ကိုကိုဦးဟာ သူကိုယ်တိုင်က ပရိသတ်အမုန်းခံရတဲ့ လူကြမ်းသရုပ်ဆောင်အဖြစ် ရပ်တည်ခဲ့ပေမယ့် သူ့ရဲ့တစ်ဦးတည်းသောသားလေး သီဟအောင်ကိုတော့ ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် မြေတောင်မြှောက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ကိုကိုဦးရဲ့သားလေး သီဟအောင်ကလည်း အကယ်ဒမီရွှေကြိုအဖြစ် လူသိများခဲ့ပြီး မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၅) ရက်နေ့ကတော့ သီဟအောင်ရဲ့ မွေးနေ့လေးဖြစ်ပါတယ်။ သီဟအောင်က သူ့ရဲ့မွေးနေ့လေးကို မိဘနှစ်ပါး၊ ပရိသတ်တွေနဲ့အတူတူ ပြင်ဦးလွင်ကိုဖြတ်သန်းခဲ့ကာ သူ့ရဲ့အပျော်လေးတွေကို “ဖေဖေနဲ့မေမေကိုလည်း ကျေးဇူးအထူးတင်ပါတယ် ❤️ သားမွေးနေ့တိုင်းမှာ အခုလိုမျိုးကျန်းကျန်းမာမာရှိနေပေးပါ❤️အပျော်လေးတွေကိုလည်း memory လေးအဖြစ်save ပါရစေခင်ဗျာ❤️ကျွန်တော့်မွေးနေ့အမှတ်တရနေ့လေး တစ်နေ့ကိုကျင်းပခွင့်ရတဲ့အတွက် အရမ်းကို ပျော်ရွှင်ခဲ့ပါတယ်❤️ကျွန်တော့်ပွဲလေးကိုလာရောက်ချီးမြှင့်ကြတဲ့ ပြင်ဦးလွင်က ကျွန်တော့်သူငယ်ချင်းများနဲ့ လုပ်ငန်းရှင်များကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ❤️ အထူးသဖြင့် သုံးနှစ်ဆက်တိုက် မွေးနေ့လက်ဆောင်တွေကိုထူးထူးကဲကဲပို့ဆောင်ပေးပြီးကျွန်တော်ဘာမှ မဖြစ်သေးတဲ့သူကို အမြဲStanပေးနေတဲ့ သရဲလေးနဲ့အတူ ကျွန်တော့်Fan တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ❤️ ဒီ Postလေးမှာ အမှားများပါခဲ့ရင်ခွင့်လွှတ်ပေးပါခင်ဗျာ❤️ အားလုံးကိုလေးစားလျှက်ပါခင်ဗျာ❤️” ဆိုပြီး မွေးနေ့အမှတ်တရလေးကို ပြသခဲ့ပါတယ်။

သီဟအောင်ကတော့ နာမည်ကြီးအနုပညာရှင်တစ်ယောက်မဟုတ်သေးပေမယ့် သူ့ရဲ့လက်ရှိအနေအထားမှာတင် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့ပြီး မွေးနေ့တိုင်းမှာလည်း ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါးဖြတ်သန်းလေ့ရှိတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thiha Aung’s fb

error: Alert: Content is protected !!