မွေးနေ့မှာ ဂေဟာကကလေးတွေအတွက် သတိတရလာရောက်လှူဒါန်းပေးတဲ့ မမဆောင်းအတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ခိုင်နှင်းဝေ
အဆင်းရော အချင်းပါပြည့်စုံသူလေး တစ်ယောက်ဖြစ်တဲ့ မင်းသမီးချော ခိုင်နှင်းဝေကတော့ ပရိသတ်တွေက ပရဟိတမင်းသမီးတစ်ယောက်လို့တောင် သက်မှတ်ခံထားရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ လူတကာမလုပ်နိုင်တဲ့ ပရဟိတအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး အများသူငါအတွက် ကိုယ်ကျိုးစွန့်ကူညီနေသူလေး ဖြစ်ပါတယ်။ အဲ့ဒါအတွက်ကြောင့်ပဲ ခိုင်နှင်းဝေက ပရိသတ်တွေကြားထဲမှာသာမက အနုပညာညီအစ်ကိုမောင်နှမတွေကပါ ချစ်ခင်လေးစားခြင်းခံရသူဖြစ်ပါတယ်။
မနေ့က မေလ (၂၂) ရက်နေ့မှာလည်း သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း မမဆောင်းကလည်း သူမရဲ့ မွေးနေ့အတွက် ခိုင်နှင်းဝေရဲ့ ဂေဟာကို အလှူငွေ ဆယ်သိန်းလှူဒါန်းခဲ့ပါတယ်။ ခိုင်နှင်းဝေကလည်း သူမရဲ့ဂေဟာကို သတိတရလှူဒါန်းပေးတဲ့ မမဆောင်းကို “Happy Birthday ပါ ဆောင်းရေ..🎂🎁🎈🎉… ကလေးတွေကို လာလှုပေးတဲ့ အတွက် ကျေးဇူး အများကြီးတင်ပါတယ်နော်..သာဓု သာဓု သာဓု ပါရှင်..❤️❤️” ဆိုပြီး ကျေးဇူးတင်စကားပြောလာပါတယ်။
ခိုင်နှင်းဝေကတော့ သူမရဲ့ ဂေဟာကို လာရောက်လှူဒါန်းကြတဲ့ အနုပညာရှင်ဖြစ်ဖြစ် အလှူရှင်ဖြစ်ဖြစ် တစ်ယောက်ချင်းစီတိုင်းကို လေးစားသူတွေဖြစ်ပါတယ်။ မွေးနေ့ရှင် မမဆောင်းလည်း ဒီထက်မက လှူနိုင်တန်းနိုင်ပြီး အောင်မြင်မှုတွေရရှိပါစေနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Khine Hnin Wai ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
error: Alert: Content is protected !!