မွေးနေ့မှာအမေနဲ့တူတူမရှိနေနိုင်တဲ့ မယ်လိုဒီခေါင်ရဲ့သားလေး အဲရစ်ရဲ့ တစ်ခုတည်းသောမွေးနေ့ဆုတောင်း
The Voice Myanmar သီချင်းဆိုပြိုင်ပွဲကနေ လူသိများလာခဲ့တဲ့ အဆိုတော်မလေး မယ်လိုဒီခေါင်ကတော့ သီချင်းဆိုကောင်းတဲ့အပြင် သွက်သွက်လက်လက် ရဲရဲဝံ့ဝံ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ အသက်အရွယ်ငယ်ရွယ်သူဖြစ်ပေမယ့် Single Mother အဖြစ် ဘဝကို အရှုံးမပေးစတမ်းရင်ဆိုင်နေတဲ့ မယ်လိုဒီခေါင်ဟာ သူမရဲ့သားလေး အဲရစ်ကိုလည်း လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးနေတဲ့ မိခင်တစ်ယောက်လည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ မယ်လိုဒီခေါင်ဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခြင်းခံထားရတာပဲဖြစ်ပါတယ်။
ဒီကနေ့ မေလ (၁၉) ရက်နေ့က မယ်လိုဒီခေါင်ရဲ့သားလေး အဲရစ်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ အဲရစ်လေးဟာ သိတတ်တဲ့အရွယ်ရောက်နေပြီဖြစ်တဲ့အတွက် သူ့ရဲ့မွေးနေ့မှာ မေမေအမြန်ဆုံးလွတ်လာဖို့ကိုသာ ဆုတောင်းကြောင်း “Happy Birthday Eric သားလေးတောင်းတဲ့ “မေမေအမြန်ပြန်လွတ်ပါစေ” ဆိုတဲ့ ဆုတောင်းလေးပြည့်ဝပြီး မေမေနဲ့အမြန်ဆုံးပြန်တွေ့ပါစေ။ ဘုရားကောင်းချီးများစွာခံစားရတဲ့ သားလေးဖြစ်ပါစေကွယ် ♥️🍀” ဆိုပြီး မယ်လိုဒီခေါင်ရဲ့ ဖေ့စ်ဘုတ် Admin က ပို့စ်တင်ပေးထားတာဖြစ်ပါတယ်။
မယ်လိုဒီခေါင်တို့ သားအမိလေးကတော့ အရင်ကတည်းက အမေတစ်ခု သားတစ်ခုတည်းသာရှိတာမို့ သားလေးအဲရစ်အနေနဲ့ အခုလိုအမေနဲ့အကြာကြီးခွဲခွာနေရတာ အရမ်းကို အားငယ်နေတာပဲဖြစ်ပါတယ်။ သားသားလေးအဲရစ်ရဲ့ ဆုတောင်းတွေအမြန်ဆုံးပြည့်ဝပါစေလို့ ထပ်ဆင့်ဆုတောင်းပေးလိုက်ရပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Melody Grace Khong’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
ေမြးေန႔မွာအေမနဲ႔တူတူမရွိေနႏိုင္တဲ့ မယ္လိုဒီေခါင္ရဲ႕သားေလး အဲရစ္ရဲ႕ တစ္ခုတည္းေသာေမြးေန႔ဆုေတာင္း
The Voice Myanmar သီခ်င္းဆိုၿပိဳင္ပြဲကေန လူသိမ်ားလာခဲ့တဲ့ အဆိုေတာ္မေလး မယ္လိုဒီေခါင္ကေတာ့ သီခ်င္းဆိုေကာင္းတဲ့အျပင္ သြက္သြက္လက္လက္ ရဲရဲဝံ့ဝံ့ရွိသူတစ္ေယာက္ျဖစ္ပါတယ္။ အသက္အ႐ြယ္ငယ္႐ြယ္သူျဖစ္ေပမယ့္ Single Mother အျဖစ္ ဘဝကို အရႈံးမေပးစတမ္းရင္ဆိုင္ေနတဲ့ မယ္လိုဒီေခါင္ဟာ သူမရဲ႕သားေလး အဲရစ္ကိုလည္း လူတစ္လုံးသူတစ္လုံးျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးေနတဲ့ မိခင္တစ္ေယာက္လည္းျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ မယ္လိုဒီေခါင္ဟာ ႏိုင္ငံေရးလႈပ္ရွားမႈေတြေၾကာင့္ ဖမ္းဆီးျခင္းခံထားရတာပဲျဖစ္ပါတယ္။
ဒီကေန႔ ေမလ (၁၉) ရက္ေန႔က မယ္လိုဒီေခါင္ရဲ႕သားေလး အဲရစ္ရဲ႕ ေမြးေန႔ေလးပဲျဖစ္ပါတယ္။ အဲရစ္ေလးဟာ သိတတ္တဲ့အ႐ြယ္ေရာက္ေနၿပီျဖစ္တဲ့အတြက္ သူ႔ရဲ႕ေမြးေန႔မွာ ေမေမအျမန္ဆုံးလြတ္လာဖို႔ကိုသာ ဆုေတာင္းေၾကာင္း “Happy Birthday Eric သားေလးေတာင္းတဲ့ “ေမေမအျမန္ျပန္လြတ္ပါေစ” ဆိုတဲ့ ဆုေတာင္းေလးျပည့္ဝၿပီး ေမေမနဲ႔အျမန္ဆုံးျပန္ေတြ႕ပါေစ။ ဘုရားေကာင္းခ်ီးမ်ားစြာခံစားရတဲ့ သားေလးျဖစ္ပါေစကြယ္ ♥️🍀” ဆိုျပီး မယ္လိုဒီေခါင္ရဲ့ ေဖ့စ္ဘုတ္ Admin က ပို့စ္တင္ေပးထားတာျဖစ္ပါတယ္။
မယ္လိုဒီေခါင္တို့ သားအမိေလးကေတာ့ အရင္ကတည္းက အေမတစ္ခု သားတစ္ခုတည္းသာရိွတာမို့ သားေလးအဲရစ္အေနနဲ့ အခုလိုအေမနဲ့အၾကာၾကီးခြဲခြာေနရတာ အရမ္းကို အားငယ္ေနတာပဲျဖစ္ပါတယ္။ သားသားေလးအဲရစ္ရဲ့ ဆုေတာင္းေတြအျမန္ဆံုးျပည့္ဝပါေစလို့ ထပ္ဆင့္ဆုေတာင္းေပးလိုက္ရပါတယ္ေနာ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: Melody Grace Khong’s fb