မွေးနေ့မွေးရက်တိုက်ဆိုင်တဲ့ အသက် (၄၅) နှစ်ပြည့်မွေးနေ့အတွက် ဆုတောင်းပေးကြသူများကို ကျေးဇူးတင်ကြောင်းပြောလာတဲ့ ပိုင်ဇေရဲထွန်း

တချိန်ကပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မင်းသားအဖြစ် လူသိများကျော်ကြားတဲ့ မင်းသားချော ပိုင်ဇေရဲထွန်းကတော့ ဒီနေ့ဒီအချိန်ထိ အောင်မြင်နေဆဲမင်းသားတစ်ယောက်ဖြစ်ပါတယ်။ အရင်လောက်အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် ပရိသတ်တွေရဲ့အချစ်ကို မလျော့စတမ်းရရှိထားတဲ့ ပိုင်ဇေရဲထွန်းဟာ မနေ့က မေလ (၂၅) ရက်နေ့မှာကျရောက်တဲ့ သူ့ရဲ့အသက် (၄၅) နှစ်ပြည့်မွေးနေ့အတွက် အမှတ်တရမွေးနေ့ဆုတောင်းပေးကြသူများကို ကျေးဇူးတင်ကြောင်း အခုလိုပဲပြောလာပါတယ်။

ပိုင်ဇေရဲထွန်းက “မွေးနေ့ နဲ့ မွေးရက် ထပ်တူကျခဲ့တဲ့ 1964 ထဲကည အပြင်းတွေ အပျော့တွေ အချိုတွေ အခါးတွေနဲ့ ဘယ်နှစ်ပင်တောင်လိမ်သွားမှန်းမသိခဲ့တဲ့ည ငယ်ငယ်လေးထဲက. အရမ်းကြိုက် လေးစားအားကျခဲ့ရတဲ့သူ… ကိုယ်ချစ်ခင်လေးစားအားကျရတဲ့ မိတ်တွေ သူငယ်ချင်းများ ကျွန်တော်ချစ်ရပါသော အစ်ကို အမ များနဲ့ ကိုယ့်ကိုချစ်လို့ကိုလာခဲ့ကြသော အကို အမ. များနဲ့ ခါးကိုနောက်ကခပ်တင်းတင်းဖက်ထားတဲ့ လက်တစုံနဲ့ ကျွန်တော့် အတွက်ပီးပြည့်စုံခဲ့တဲ့ 1964 ထဲက ညလေးတည💋 အထူးအားဖြင့် ကျွန်တော့်ကို မွေးနေ့ဆုတောင်းပေးကြပါသော အယောက်ချင်းစီတိုင်းကို မှတ်မှတ်ရရ. ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🙏🙏🙏” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာခဲ့တာပဲဖြစ်ပါတယ်။

ပိုင်ဇေရဲထွန်းကတော့ (၄၅) နှစ်ဆိုတဲ့အရွယ်ကိုရောက်ရှိလာခဲ့ပေမယ့် အရင်အတိုင်း နုပျိုနေဆဲဖြစ်တာကိုတော့ ငြင်းဖွယ်ရာမရှိပါဘူးနော်။ ပရိသတ်ကြီးလည်း ချစ်ရတဲ့မင်းသားချော ပိုင်ဇေရဲထွန်းအတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Paing Zay Ye Tun ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!