မွေးကင်းစအရွယ်က (၄)ပေါင်ပဲရှိပြီး ပိုးမွေးသလိုဂရုစိုက်မွေးလာရတဲ့ သားငယ်ဝါဇင်ကို မွေးနေ့ဆုတောင်းပေးလာတဲ့ ဝါဝါဝင်းရွှေ
အကယ်ဒမီများရှင် မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ ခေတ်သုံးခေတ်တိုင် အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပါပဲ။ ဝါဝါဝင်းရွှေဟာ အခုဆိုရင် အသက် ခုနှစ်ဆယ်ကျော် အရွယ်ရောက်ရှိနေပြီမို့ အနုပညာအလုပ်တွေ မလုပ်ကိုင်တော့ပဲ ဘာသာရေးနဲ့ ကုသိုလ်ရေးကိုသာ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ကတော့ ဝါဝါဝင်းရွှေရဲ့သားငယ်လေး ဝါဇင်ရဲ့မွေးနေ့လေးဖြစ်ပြီး ဝါဝါဝင်းရွှေက သူ့ရဲ့သားငယ်လေးအတွက် မွေးနေ့ဆုတောင်းပေးလာခဲ့တာကို တွေ့ရပါတယ်။
ဝါဝါဝင်းရွှေက “မာမီချစ်ရတဲ့ သားငယ် သားထူး (ဝါဇင် ) Happy Birthday ပါချစ်သားလေး.. သားကိုမွေးတုန်းက ( ၄ ) ပေါင်ဘဲရှိခဲ့တယ်။ Baby unit အထူးခန်း ကပေါင်းအိုးထဲမှာ နှခေါင်းတဖက်ကအောက်စီဂျင်ပိုက်နဲ့ နောက်တဖက်ကနို့ပိုက်သွင်း ပြီး ဆရာဝန်မကြီးပါမေက္ခဒေါ်ခင်ညွန့် ကလိုအပ်တဲ့ဆေးတွေကိုပရိတ်ရွတ်ပြီးထိုးပေးရှာတယ် ၊ မာမီကလည်းသားမျက်နှာလေးကိုမှန်အပြင်ဖက်ကဘဲကြည့်ပြီး သားအသက်ရှင်ဘို့ မိခင်ရဲ့ကြီးမားတဲ့မေတ္တာနဲ့ မေတ္တာသုတ်တွေရာထောင်ကျော်အောင်ရွတ်ပေးခဲ့ရတယ်၊ ဒါကြောင့်ဒယ်ဒီကသားကိုထူးထူးခြားခြားမွေးလို့ သားထူးလို့ခေါ်ပါတဲ့ ၊သားမွေးပြီး တပတ်လည်းနေရော မာမီ.. တတိယအကြိမ်မြောက် အကယ်ဒမီဆု ချီးမြင့်ခြင်းခံရပြန်တယ်၊ ဒါကြောင့် သားဟာလာခြင်းကောင်းသောသားလေးပေါ့နော် ။ ဒီနေ့ကြရောက်တဲ့မွေးနေ့ကစပြီး သားဘဝမှာ အကောင်းတွေနဲ့ဘဲ့ တွေ့ရဆုံရ လုပ်ကိုင်ရပါစေ သူတော်ကောင်းများနဲ့တွေ့ပါစေ ၊ ကျန်းမာခြင်း ချမ်းသာခြင်း လူပ်ကိုင်သမျှအောင် မြင်ကာ မိသားစုများနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေလို့မာမီဆုတောင်းပေးပါတယ်။ ဒီနေ့သားမွေးနေ့အတွက်လှူဒါန်းမှုတွေကိုလည်းသာဓုခေါ်ပါတယ် ၊ ဒယ်ဒီကမြင့်မြတ်တဲ့ဘုံဘဝကနေပီတိပြစ်ပြီးကြေနပ်နေမှာပါသား။ ” ဆိုပြီး မွေးနေ့ဆုတောင်းပေးလာပါတယ်။
ဝါဝါဝင်းရွှေကတော့ ငယ်ငယ်ကတည်းက ပိုးမွေးသလိုမျိုး ဂရုတစိုက်သွားပြီး အရိပ်တကြည့်ကြည့်ချစ်ခဲ့ရတဲ့ သားလေးကို မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် ဝါဇင်အတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Wa Wa Win Shwe’s fb
မွေးကင်းစအရွယ်က (၄)ပေါင်ပဲရှိပြီး ပိုးမွေးသလိုဂရုစိုက်မွေးလာရတဲ့ သားငယ်ဝါဇင်ကို မွေးနေ့ဆုတောင်းပေးလာတဲ့ ဝါဝါဝင်းရွှေ
အကယ်ဒမီများရှင် မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ ခေတ်သုံးခေတ်တိုင် အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပါပဲ။ ဝါဝါဝင်းရွှေဟာ အခုဆိုရင် အသက် ခုနှစ်ဆယ်ကျော် အရွယ်ရောက်ရှိနေပြီမို့ အနုပညာအလုပ်တွေ မလုပ်ကိုင်တော့ပဲ ဘာသာရေးနဲ့ ကုသိုလ်ရေးကိုသာ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ကတော့ ဝါဝါဝင်းရွှေရဲ့သားငယ်လေး ဝါဇင်ရဲ့မွေးနေ့လေးဖြစ်ပြီး ဝါဝါဝင်းရွှေက သူ့ရဲ့သားငယ်လေးအတွက် မွေးနေ့ဆုတောင်းပေးလာခဲ့တာကို တွေ့ရပါတယ်။
ဝါဝါဝင်းရွှေက “မာမီချစ်ရတဲ့ သားငယ် သားထူး (ဝါဇင် ) Happy Birthday ပါချစ်သားလေး.. သားကိုမွေးတုန်းက ( ၄ ) ပေါင်ဘဲရှိခဲ့တယ်။ Baby unit အထူးခန်း ကပေါင်းအိုးထဲမှာ နှခေါင်းတဖက်ကအောက်စီဂျင်ပိုက်နဲ့ နောက်တဖက်ကနို့ပိုက်သွင်း ပြီး ဆရာဝန်မကြီးပါမေက္ခဒေါ်ခင်ညွန့် ကလိုအပ်တဲ့ဆေးတွေကိုပရိတ်ရွတ်ပြီးထိုးပေးရှာတယ် ၊ မာမီကလည်းသားမျက်နှာလေးကိုမှန်အပြင်ဖက်ကဘဲကြည့်ပြီး သားအသက်ရှင်ဘို့ မိခင်ရဲ့ကြီးမားတဲ့မေတ္တာနဲ့ မေတ္တာသုတ်တွေရာထောင်ကျော်အောင်ရွတ်ပေးခဲ့ရတယ်၊ ဒါကြောင့်ဒယ်ဒီကသားကိုထူးထူးခြားခြားမွေးလို့ သားထူးလို့ခေါ်ပါတဲ့ ၊သားမွေးပြီး တပတ်လည်းနေရော မာမီ.. တတိယအကြိမ်မြောက် အကယ်ဒမီဆု ချီးမြင့်ခြင်းခံရပြန်တယ်၊ ဒါကြောင့် သားဟာလာခြင်းကောင်းသောသားလေးပေါ့နော် ။ ဒီနေ့ကြရောက်တဲ့မွေးနေ့ကစပြီး သားဘဝမှာ အကောင်းတွေနဲ့ဘဲ့ တွေ့ရဆုံရ လုပ်ကိုင်ရပါစေ သူတော်ကောင်းများနဲ့တွေ့ပါစေ ၊ ကျန်းမာခြင်း
ချမ်းသာခြင်း လူပ်ကိုင်သမျှအောင် မြင်ကာ မိသားစုများနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေလို့မာမီဆုတောင်းပေးပါတယ်။ ဒီနေ့သားမွေးနေ့အတွက်လှူဒါန်းမှုတွေကိုလည်းသာဓုခေါ်ပါတယ် ၊ ဒယ်ဒီကမြင့်မြတ်တဲ့ဘုံဘဝကနေပီတိပြစ်ပြီးကြေနပ်နေမှာပါသား။ ” ဆိုပြီး မွေးနေ့ဆုတောင်းပေးလာပါတယ်။