မြောက်ဒဂုံထားဝယ်ချောင်က အိမ်ထောင်စုတွေအတွက် စားသောက်ရိက္ခာများ လှူဒါန်းပေးခဲ့တဲ့ မျိုးစန္ဒီကျော်

သရုပ်ဆောင် မျိုးစန္ဒီကျော်ကတော့ ဗီဒီယို ဇာတ်ကားတွေနဲ့ ပြက္ခဒိန်ကြော်ငြာတွေ ရိုက်ကူးခြင်းကနေတဆင့် နာမည်ကြီးလာတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ မျိုးစန္ဒီကျော်ကတော့ လက်ရှိမှာ သမီးလေး ဂျူဝယ်လ်ကို ရင်အုပ်မကွာစောင့်ရှောက်ထားပြီး အနုပညာအလုပ်၊ စီးပွားရေး အလုပ်တွေကိုလည်း လုပ်ကိုင်နေလျက်ရှိပါတယ်။ အားလပ်တဲ့အချိန်မှာ ပရဟိတအလုပ်တွေကို အချိန်ပေးလုပ်ကိုင်ပေးရင်း လုပ်အားဒါနကုသိုလ်တွေပြုပေးလေ့ရှိတဲ့ မျိုးစန္ဒီကျော်က ဒီကနေ့မှာလည်း သူမရဲ့ ကုသိုလ်လေးကို အခုလိုပဲပြောပြလာပါတယ်။

မျိုးစန္ဒီကျော်က “31.5.2022 Donation မြောက်ဒဂုံ ၅၁ရပ်ကွက် ထားဝယ်ချောင်ရှိ အိမ်ခြေ ၂၆အိမ်ထောင်စုအတွက် ဆန် ကြက်သွန် အာလူး ဘက်စုံသုံးဆပ်ပြာရည် ဆပ်ပြာခရင်မ်တို့ကို လှူဒါန်းခဲ့ပါတယ်။ အလှူရှင်များကျန်းမာချမ်းသာကြပါစေ 🙏🙏🙏🙏🙏” ဆိုပြီး အလှူရှင်တွေကိုယ်စား ပြုပေးဖြစ်တဲ့ ကုသိုလ်လေးကို အခုလိုပဲ မျှဝေလာပါတယ်။

မျိုးစန္ဒီကျော်ကတော့ အားလပ်တဲ့အချိန်လေးမှာ သူမတတ်နိုင်သလောက် ကုသိုလ်တွေပြုပေးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မျိုးစန္ဒီကျော်တို့ ကုသိုလ်လေးကိုကြည့်ပြီး ပီတိတွေကူးစက်သွားမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Myo Sandy Kyaw ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!