မြို့ပြစစ်ဆင်ရေးတွေအတွက် ရံပုံငွေတွေများစွာရှာဖွေးပေးနိုင်ခဲ့တဲ့အတွက် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရဲ့ ဂုဏ်ပြုလက်မှတ်ရရှိခဲ့တဲ့ မင်းမော်ကွန်း

နိုင်ငံကျော်မင်းသားတစ်ယောက်လည်းဖြစ်သလို မြေပဲယိုအဖွဲ့ရဲ့ ပင်တိုင်အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ မင်းမော်ကွန်းကတော့ လက်ရှိမြန်မာနိုင်ငံစစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ သူ့ရဲ့စည်းစိမ်၊ မိသားစုနဲ့ အလုပ်အကိုင်တွေကို စွန့်လွှတ်ပြီး တရားသောဓမ္မဘက်မှာ ခိုင်ခိုင်မာမာရပ်တည်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံပြီး ပေးဆပ်နေတဲ့ မင်းမော်ကွန်းဟာ ဒီကနေ့မှာတော့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ ဂုဏ်ပြုလက်မှတ်ရရှိခဲ့တယ်လို့ သိရပါတယ်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် အမြန်ဆုံးပေါ်ထွန်းလာရန် ရည်ရွယ်၍ ဆောင်ရွက်နေသည့် “နန်းထိုက်အောင်” မြို့ပြစစ်ဆင်ရေးများအတွက် ပြည်သူ့တော်လှန်ရေးရန်ပုံငွေရှာဖွေမှုအစီအစဉ်မှာ ပါဝင်အားဖြည့်ပေးခဲ့သော အကယ်ဒမီမင်းမော်ကွန်းအား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုခဲ့ရာ မင်းမော်ကွန်းက “ပါဝင်ခွင့်ရတာကိုပဲကျေးဇူးတင်ပါတယ်။ တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်ပြီးအမြဲပါဝင်ပါ့မယ်”ဆိုပြီး ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

မင်းမော်ကွန်းကတော့ တော်လှန်ရေးအတွက် စွမ်းစွမ်းတမံပါဝင်နေတဲ့ အနုပညာရှင်လူနည်းစုတည်းက တစ်ယောက်ဖြစ်ပြီး ပြည်သူတွေအားထားရတဲ့ မင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။ ပရိသတ်ကြီးလည်း မင်းမော်ကွန်းတစ်ယောက် အမြဲတမ်းဘေးအန္တရာယ်ကင်းရှင်းပြီး အိမ်အမြန်ဆုံးပြန်ခွင့်ရပါစေလို့ ဆုတောင်းပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Kyaw Kyaw Htay Lwin ‘s fb

error: Alert: Content is protected !!