မြန်မာဝတ်စုံလေးတွေဝတ်ပြီး ကျက်သရေရှိနေတဲ့ သားနဲ့ မတော်ရသေးတဲ့ချွေးမလေးရဲ့ ပုံရိပ်လေးကို သဘောကျစွာမျှဝေလာတဲ့ နေမျိုးအောင်ရဲ့ဇနီး
နိုင်ငံကျော်သရုပ်ဆောင် နေမျိုးအောင်ကတော့ အနုပညာမှာအောင်မြင်သလို မိသားစုရေးနဲ့ပတ်သက်ရင်လည်း ပျော်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ နေမျိုးအောင်ရဲ့သား မင်းထိုက်ဟာလည်း အနုပညာအလုပ်တွေကိုလုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း DJ Violet ဆိုတဲ့ ကောင်မလေးနဲ့ ချစ်ကြိုက်နေကာ ပရိသတ်စိတ်ဝင်စားမှုကို ရရှိနေတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ မင်းထိုက်နဲ့ DJ Violet တို့ရဲ့ မြန်မာဆန်ဆန်ဓာတ်ပုံလေးတွေဟာ အွန်လိုင်းပေါ်မှာ တင်လာခဲ့ရာ ပရိသတ်တွေက သဘောကျနေကြတာပဲဖြစ်ပါတယ်။ နေမျိုးအောင်ရဲ့ အမျိုးသမီးကလည်း သားကြီးနဲ့ မတော်ရသေးတဲ့ချွေးမအချောလေးတွေရဲ့ ပုံကို သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ “ကျွန်မရဲ့ ကလေးများ” တင်လာခဲ့တာကို တွေ့ရပါတယ်။
မင်းထိုက်နဲ့ DJ Violet တို့ကတော့ လူငယ်စုံတွဲလေးတွေဖြစ်ပေမယ့် အခုလို မြန်မာဆန်ဆန်လေးတွေဝတ်စားလိုက်တဲ့အခါမှာလည်း အရမ်းကိုကြည့်ကောင်းနေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မင်းထိုက်တို့ချစ်သူနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: KMA Wedding Photo Studio’s fb