မြန်မာလူမျိုးတစ်ယောက်ပီပီ ဝါဆိုလပြည့်နေ့မှာ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းရင်း ကုသိုလ်ယူခဲ့တဲ့ ဖွေးဖွေး

မင်းသမီးချောလေး ဖွေးဖွေးကတော့ ဆယ်စုနှစ်ကျော်တစ်စုစာ အနုပညာသက်တမ်းမှာ အကယ်ဒမီဆုကြီးသုံးဆုကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက လက်ရှိမှာလည်းထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ် ရပ်တည်နေပြီး အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း အပျိုကြီးအဖြစ် မိသားစုနဲ့အတူတူ အချိန်တွေကုန်ဆုံးနေဆဲ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုတွေရပ်နားထားတဲ့ ဖွေးဖွေးဟာ မိသားစုကို ပိုမိုအချိန်ပေးဖြစ်နေပြီး သူမလုပ်ချင်တဲ့အရာတွေကိုလည်း ထွတ်လွတ်လပ်လပ်လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

ဒီကနေ့ ဝါဆိုလပြည့်နေ့မှာလည်း ဖွေးဖွေးဟာ မြန်မာလူမျိုးတစ်ယောက်ပီပီ ဝါဆိုသင်္ကန်းကပ်လှူခဲ့တယ်လို့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြသလာပါတယ်။ ဖွေးဖွေးက ဝါဆိုသင်္ကန်းသာမကပဲ မြတ်စွာဘုရားရှင်ကို သစ်သီးဆွမ်းလည်း ဆပ်ကပ်လှူဒါန်းခဲ့တယ်လို့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးခဲ့ပါတယ်။

ဖွေးဖွေးကတော့ လစဉ်လတိုင်း ကွယ်လွန်သွားခဲ့ပြီးတဲ့ သူမရဲ့ဖခင်အတွက် ရည်စူးပြီးကုသိုလ်တွေပြုနေသလို ဒီကနေ့မှာလည်း ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဖွေးဖွေးကတော့ လူလေးလှရုံသာမကပဲ စိတ်ထားလေးပါမွန်မြတ်လှပသူလေးတစ်ယောက်ပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Phway Phway’s fb

error: Alert: Content is protected !!