မြန်မာပြည်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပွင့်လင်းစွာပြောကြားခဲ့တဲ့ လိပ်ပြာစံအိမ် ဒါရိုက်တာ Chartchai Ketnust

(၂၀၁၉) ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်ကြီးမှတ်မိကြဦးမယ် ထင်ပါတယ်။ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းလူမျိုးဒါရိုက်တာ Chartchai Ketnust က ရိုက်ကူးခဲ့ပြီး မြန်မာသရုပ်ဆောင်တွေဖြစ်ကြတဲ့ နိုင်းနိုင်း၊ ဒေါင်း နဲ့ ဝတ်မှုံရွှေရည်တို့က သရုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါရိုက်တာ Chartchai Ketnust ဟာ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးအပြင် မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီး မင်းသားဒေါင်းနဲ့ နှင်းသွေးယုအောင်တို့သရုပ်ဆောင်ထားတဲ့ “ကျောက်ဖရားမှဧရာဝတီသို့” ဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးခဲ့သူဖြစ်ပါတယ်။

မြန်မာလူမျိုးတွေနဲ့ ရင်းနှီးပြီး မြန်မာသရုပ်ဆောင်တွေနဲ့လည်း အလုပ်တွေအတူတူတွဲလုပ်ဖူးတဲ့ ထိုင်းဒါရိုက်တာ Chartchai Ketnust က ဒီကနေ့မှာတော့ မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုပြောလာတာကို တွေ့ရပါတယ်။ ဒါရိုက်တာ Chartchai Ketnust က “I see no future for Myanmar” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ထိုင်းလူမျိုးဒါရိုက်တာ Chartchai Ketnust ကတော့ ဒီကနေ့ ဇူလိုင်လ (၂၅) ရက်နေ့ နိုင်ငံရေးအကျဥ်းသားတွေကွပ်မျက်ခံခဲ့ရပြီးတဲ့နောက် သူ့ရဲ့အမြင်ကို ဖေ့စ်ဘုတ်စာမျက်နှာပေါ်ကနေတဆင့် ပွင့်ပွင့်လင်းလင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Chartchai Ketnust ‘s fb

error: Alert: Content is protected !!