မြန်မာပြည်ရဲ့ တိုင်းရေးပြည်ရေးအခြေအနေတွေကြောင့် စာအုပ်ထုတ်မယ့်အချိန်ကို နောက်ဆုတ်လိုက်ပါပြီလို့ အသိပေးလာတဲ့ ဥက္ကာမင်းမောင်

သရုပ်ဆောင်ဥက္ကာမင်းမောင်ကတော့ အနုပညာရှင်တွေထဲက ရှားရှားပါးပါး LGBT ချစ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်နေတတ်ပြီး အချုပ်အနှောင်ကင်းကင်းနေတတ်သူတစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ဟာ အမေရိကန်နိုင်ငံမှာနေထိုင်ရင်း ဘဝကိုဖြတ်သန်းနေသူတစ်ယောက်ပဲဖြစ်ပါတယ်။LGBTQ တစ်ယောက်ပီပီ LGBTQ တွေအတွက် ကိုယ်တိုင်တွေ့ကြုံလာရတဲ့ အခြေအနေတွေကို စာအုပ်ထုတ်ဖို့ရည်ရွယ်ထားတဲ့ ဥက္ကာမင်းမောင်ဟာ ဒီကနေ့မှာတော့ သူ့ရဲ့ စာအုပ်ထုတ်ဖို့ အချိန်ကို နောက်ဆုတ်လိုက်ပြီဖြစ်ကြောင်း အသိပေးလာပါတယ်။

ဥက္ကာမင်းမောင်က “ကျွန်တော့်ဘဝမှာ ဘယ်အရာမှ ချောချောမွေ့မွေ့ အောင်မြင်စွာပြီးမြောက်တယ်ဆိုတာမရှိခဲ့ဘူး..မြန်မာပြည် လက်ရှိ အခြေအနေတွေနဲ့ အားလုံးသိပြီးတဲ့အတိုင်း လတ်တလော အိမ်ကရင်ဆိုင်နေရတဲ့ ပြသနာအခက်အခဲ ကံကြမ္မာ အလှည့်အပြောင်းကာလမို့လို့ ကျွန်တော့် ဝတ္ထုစာအုပ်ထွက်ဖို့ကို နောက်ဆုတ်လိုက်ပါတယ်.. စာအုပ်ထွက်ရင်လဲ မြန်မာပြည်ပြန်လာဖို့ မဖြစ်နိုင်သလို အိမ်က အကူအညီ လိုအပ်သော်လဲ လက်ရှိအခြေအနေမှာ အမေရော တခြားဘယ်သူမှ မအားတဲ့အတွက် ကျွန်တော့်ကြောင့် အလုပ်ပိုတွေပေးသလိုဖြစ်မှာစိုးလို့ စာအုပ်ထွက်ဖို့ ကို နောက်ဆုတ်လိုက်ဖို့ဆုံးဖြတ်လိုက်တာပါ.. LGBTQ များအတွက် ရည်ရွယ်ပြီး ရေးထားတယ်ဆိုပေမယ့် နိုင်ငံရေးမတည်ငြိမ်သေးတဲ့ကာလမှာ ထုတ်ပြီး promote လုပ်ဖို့အခက်အခဲ တွေရှိတဲ့အတွက်ကြောင့်လဲ ပါပါတယ်.. ကျွန်တော် ဘယ်တော့ထွက်ဖြစ်မလဲ မဆုံးဖြတ်ရသေးပါဘူး.. အခုလဲ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတော့ စိတ်ကတော့ ညစ်ပေမယ့် အားတင်းထားပြီး စိတ်ဓါတ်မကျအောင်ပဲ ကြိုးစားပြီး နေပါတယ်.. ဘယ်နေ့ထွက်ဖြစ်မလဲ ပြန်ကြေငြာပေးပါမယ်ခင်ဗျာ..အခြေအနေကို စောင့်ကြည့်ပါဦးမယ်…စောင့်ပေးနော်😘💝” ဆိုပြီး အသိပေးလာတာပဲဖြစ်ပါတယ်။

ဥက္ကာမင်းမောင်ကတော့ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတော့ စိတ်ကတော့ ညစ်ပေမယ့် အားတင်းထားပြီး စိတ်ဓါတ်မကျအောင်ပဲ ကြိုးစားပြီး နေနေကာ မြန်မာပြည်သူပြည်သားတွေကိုလည်း ငဲ့ညှာတဲ့အနေနဲ့ တိုင်းပြည်မငြိမ်သက်ခင်အချိန်မှာလည်း စာအုပ်ထုတ်ဖို့အစီအစဉ်မရှိတော့ကြောင်းပြောလာတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Okkar Min Maung ‘s fb

error: Alert: Content is protected !!