မြတ်သူသူရဲ့ မင်္ဂလာပွဲမှာ သတို့သမီးကပစ်လိုက်တဲ့ မင်္ဂလာလက်ကိုင်ပန်းစည်းလေးကို ဖမ်းမိခဲ့တယ်ဆိုတဲ့ ပိုးကြာဖြူခင်

ဇာတ်လမ်းတွဲမင်းသမီးလေးလို့ ပရိသတ်တွေက တင်စားကြရတဲ့ ပိုးကြာဖြူခင်ကတော့ “ဝင်္ဂပါစံအိမ်”၊ “မိုးကောင်းကင်အိပ်မက်”၊ “ကြယ်ကလေးရဲ့ကောင်းကင်”၊ “မာယာလှည့်ကွက်”၊ “ကွက်လပ်မရှိ” ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ဟာ အနုပညာအလုပ်တွေကိုပဲ အချိန်ပေးလုပ်ကိုင်ခဲ့ရတာမို့ အိမ်ထောင်ရေးကိုမစဉ်းစားနိုင်သေးပဲ တစ်ကိုယ်တည်းအပျိုကြီးအဖြစ်ရှိနေတာပဲဖြစ်ပါတယ်။

မနေ့က မတ်လ (၁၁) ရက်နေ့မှာတော့ ပိုးကြာဖြူခင်က သရုပ်ဆောင်မြတ်သူသူရဲ့မင်္ဂလာပွဲမှာ သတို့သမီးအရံအဖြစ် ဆောင်ရွက်ခဲ့ရပြီး မြတ်သူသူပစ်ပေးတဲ့ သတို့သမီးလက်ကိုင်ပန်းစည်းလေးကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ပိုးကြာဖြူခင်က “ဟိတ် 🌝 သတို့သမီး မြတ်သူသူ ပစ်လိုက် တဲ့ လက်ကိုင်ပန်းစည်းလေးတော့ ဒီနေ့ ဖမ်းမိပြီးပြီ နော် တို့အလှည့်ကရော ဘယ်တော့များလဲ 🤭🤭🤭 ဒီ အပျိုကြီး တော့ စွံတော့မယ်နဲ့ တူပါတယ်” ဆိုပြီးပြောလာပါတယ်။

ဓလေ့ထုံးတမ်းအယူအဆတွေအရ မင်္ဂလာသတို့သမီးလက်ကိုင်ပန်းစည်းရရှိတဲ့သူဟာ (၆) လအတွင်း မင်္ဂလာသတင်းကြားရမယ်ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အပျိုကြီးပိုးကြာဖြူခင်ရဲ့ မင်္ဂလာသတင်းလေးကို နားစွင့်ပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Poe Kyar Phyu Khin’s fb

error: Alert: Content is protected !!