မြင်နေကြားနေရတဲ့ သတင်းတွေကြည့်ပြီး ပရိသတ်တွေကို စိတ်ပူစွာ သတိပေးစကားလေးဆိုလာတဲ့ ကောင်းမြတ်စံ
သရုပ်ဆောင် ကောင်းမြတ်စံကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ကောင်းမြတ်စံကတော့ အသားအရည်ဖြူဖြူဖွေးဖွေးလေးနဲ့ ကိုရီးယားမင်းသားလေးတစ်ယောက်လိုချောမောတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ယောက်ဆိုလည်း မမှားပါဘူး။ ကောင်းမြတ်စံက လက်ရှိမှာလည်း ပရိသတ်တွေစိတ်ကြိုက် သီချင်း MV တွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ဆက်တိုက်သရုပ်ဆောင်ပေးနေလျက်ရှိပါတယ်။
ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားသလို ပရိသတ်တွေတစ်ယောက်ချင်းစီတိုင်းကိုလည်း လေးစားချစ်ခင်တဲ့ ကောင်းမြတ်စံဟာ ဒီတစ်ခါမှာလည်း သူ့ရဲ့ချစ်ပရိသတ်တွေကို “တစ်ခုပဲ မှာချင်ပါတယ်ဗျာ။ ဖြစ်နိုင်ရင် ညဘက်တွေ အပြင်မထွက်ကြပါနဲ့လားလို့လေ။ ကြားနေမြင်နေရတဲ့ သတင်းတွေက အဆင်မပြေလို့ပါ။ ပစ္စည်းဥစ္စာက ပြန်ရှာလို့ရပေမယ့် အသက်ဘေးပါ ရန်ရှာလာနိုင်တယ်…..” ဆိုပြီး စိတ်ပူစွာနဲ့ သတိပေးလာခဲ့ပါတယ်။
ကောင်းမြတ်စံကတော့ လတ်တလောဖြစ်ပွားနေတဲ့ မှုခင်းသတင်းတွေကြောင့် သူချစ်တဲ့ ပရိသတ်တွေကို ဖြစ်နိုင်ရင် ညဘက်တွေအပြင်မထွက်ဖို့ စိတ်ပူစွာနဲ့ သတိပေးလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကောင်းမြတ်စံသတိပေးသလို အစစအရာရာ ဂရုစိုက်ဖို့ ထပ်မံမှာကြားပေးလိုက်ရပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Kaung Myat San’s fb
ဇော်ဂျီဖြင့်ဖတ်ရန်