မျက်စိရှေ့မှာ တင် သုံးနှစ်တိတိပြည့်သွားခဲ့ တဲ့ သားလေးသွင်ဦးဟန် အတွက် ရင်ထဲကဆန္ဒတွေများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ပိုးအိအိခန့်

သရုပ်ဆောင်၊ အဆိုတော် ပိုးအိအိခန့်ကတော့ အနုပညာလောကမှာ နာမည်ရတဲ့ အနုပညာရှင်တစ်ယောက် ပါပဲ။ ပိုးအိအိခန့်ဟာ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ သူမရဲ့ သားလေးကို ဂရုစိုက်စောင့်ရှောက်နေရတာကြောင့် အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုးအိအိခန့်က သုံးနှစ်ပြည့်သွားခဲ့တဲ့ သားလေးသွင်ဦးဟန်အတွက် အချစ်တွေများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

ပိုးအိအိခန့်က “Happy Birthday မေ့ အသဲနှလုံးလေး မေ့သားလေး ၃ နှစ်ပြည့်သွားပြီ။ မွေးကတည်းက ဒီမေမေဘဲ ဘေးကနေ ထိန်းခဲ့လိူ့ သားလေးရဲ့ ပြောင်းလဲလာပုံအဆင့်ဆင့်ကို အသေးစိပ်မြင်နေရတယ်။ ကိုယ်ပဲထိန်းနေလို့ ပင်ပန်းလားဆိုတော့ ပင်ပန်းတယ် မေ့မျက်တွင်းတွေဟာ ဘယ်တော့မှ မပြည့်တော့ဘူးသားရေ ဒါပေမယ့် ပျော်တယ်။ အခုချိန်ကတော့ မေ့သားလေး terrible two ထဲ ဝင်နေလိူ့ ဆိုးတယ်ထင်ရတဲ့ အပြုအမူလေးတွေ ရှိနေပေမယ့် ဒါတွေဟာ တစ်သက်လုံးပါမသွားအောင်လို့ မေမေ သေချာ ပဲ့ပြင်ပေးနေပါ့မယ်။ Terrible two ထဲ ဘယ်လိုပဲရောက်နေနေ မေမေ စိတ်ဆိုးရင် “မေမေ sorry ပါခမျ” တစ်ခုခု သူ့အတွက်လုပ်ပေးရင် “ မေမေ thank you” မေမေက ဒေါသသူ့ကိုအရမ်းထွက်နေရင်” မေမေ့ကို အရမ်းချစ်တယ်” စသဖြင့် လူလည်လေး လူတတ်လေး က ဆိုးသလိုလိုဖြစ်နေရင်းနဲ့ကို အကျင့်ကောင်းလေးတွေ တော့ ရနေလို့ မေမေက သင်ပေးရကျိုးနပ်ပါတယ်သားရယ်
မေမေ မျှော်လည်းမျှော်လင့်သလို ကြိုးလည်းကြိုးစားမယ် မေ့သားလေး လူတော်ဆိုတာထက် လူကောင်းလေးဖြစ်ဖို့ မေမေ စိတ်နှစ်ပြီး ပျိုးထောင်ပေးမယ်”

“လူကောင်းလေးဖြစ်ဖို့က ငယ်ရွယ်စဉ်ကတည်း က မိဘရဲ့ ပဲ့ပြင်ဆုံးမမှု အပေါ်မှာ အများကြီး မူတည်ပြီး လူတော်လေးဖြစ်ဖို့ကတော့ မေ့သားလေးကိုယ်တိုင်ကြိုးစားရမှာ သားရဲ့။ မေမေက လိုအပ်ချက်တွေနဲ့ လူတစ်ယောက်ပါ။ စာလေးဖတ်လိုက် သိတတ်နားလည်သူတွေဆီမေးလိုက်နဲ့ အမှားနည်းသထက်နည်းအောင် သားလေး ကို ပြုစုပျိုးထောင်ပေးမယ်သားရယ်။ ဒီစာလေးတွေ ရေးရတဲ့အကြောင်းအရင်းက မေ့သားလေးတစ်နေ့ကြီးလာတဲ့အခါ အမှတ်တရအဖြစ် သားလေးဖတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးနေတာပါသားရေ။ ဒီနှစ်မေ့သားလေးမွေးနေ့ကို မေမေ့သားလေးအတွက်ပဲ ကြိုးစားနေတာလေးတစ်ခုရှိလို့ အများကြီး မလုပ်ပေးနိုင်တာ ခွင့်လွှင့်ပါသားရယ်။ မေ့သားလေး ဘုန်းကြီးလို့ အသက်ရှည် အနာရောဂါကင်းရှင်းပြီး လူတော်လူကောင်း ယောကျာ်းကောင်း ယောကျာ်းမြတ်လေးဖြစ်ပါစေ လို့ မေက သားလေးမွေးနေ့မှာ ဆုတောင်းပေးပါတယ် ❤️❤️❤️❤️❤️ အရမ်းချစ်တယ်သားရေ 💓💓💓💓💓” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။

ပိုးအိအိခန့်နဲ့ အောင်သူတို့ဇနီးမောင်နှံတို့ကတော့ သားလေး သွင်ဦးဟန်အတွက် အလုပ်တွေကြိုးစားနေပြီး သားလေး လူတစ်လုံး သူတစ်လုံး နေထိုင်နိုင်ဖို့ကို ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးအိအိခန့်နဲ့ အောင်သူတို့ရဲ့ သားသားလေး သွင်ဦးဟန်အတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Poe Ei Ei Khant ‘s fb

မျက်စိရှေ့မှာတင် သုံးနှစ်တိတိပြည့်သွားခဲ့တဲ့ သားလေးသွင်ဦးဟန် အတွက် ရင်ထဲကဆန္ဒတွေများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ပိုးအိအိခန့်

သရုပ်ဆောင်၊ အဆိုတော် ပိုးအိအိခန့်က တော့ အနုပညာလောကမှာ နာမည်ရတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ ပိုးအိအိခန့်ဟာ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ သူမရဲ့ သားလေးကို ဂရုစိုက်စောင့်ရှောက်နေရတာကြောင့် အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုးအိအိခန့်က သုံးနှစ်ပြည့်သွားခဲ့တဲ့ သားလေးသွင်ဦးဟန်အတွက် အချစ်တွေများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

ပိုးအိအိခန့်က “Happy Birthday မေ့ အသဲနှလုံးလေး မေ့သားလေး ၃ နှစ်ပြည့်သွားပြီ။ မွေးကတည်းက ဒီမေမေဘဲ ဘေးကနေ ထိန်းခဲ့လိူ့ သားလေးရဲ့ ပြောင်းလဲလာပုံအဆင့်ဆင့်ကို အသေးစိပ်မြင်နေရတယ်။ ကိုယ်ပဲထိန်းနေလို့ ပင်ပန်းလားဆိုတော့ ပင်ပန်းတယ် မေ့မျက်တွင်းတွေဟာ ဘယ်တော့မှ မပြည့်တော့ဘူးသားရေ ဒါပေမယ့် ပျော်တယ်။ အခုချိန်ကတော့ မေ့သားလေး terrible two ထဲ ဝင်နေလိူ့ ဆိုးတယ်ထင်ရတဲ့ အပြုအမူလေးတွေ ရှိနေပေမယ့် ဒါတွေဟာ တစ်သက်လုံးပါမသွားအောင်လို့ မေမေ သေချာ ပဲ့ပြင်ပေးနေပါ့မယ်။ Terrible two ထဲ ဘယ်လိုပဲရောက်နေနေ မေမေ စိတ်ဆိုးရင် “မေမေ sorry ပါခမျ” တစ်ခုခု သူ့အတွက်လုပ်ပေးရင် “ မေမေ thank you” မေမေက ဒေါသသူ့ကိုအရမ်းထွက်နေရင်” မေမေ့ကို အရမ်းချစ်တယ်” စသဖြင့် လူလည်လေး လူတတ်လေး က ဆိုးသလိုလိုဖြစ်နေရင်းနဲ့ကို အကျင့်ကောင်းလေးတွေ တော့ ရနေလို့ မေမေက သင်ပေးရကျိုးနပ်ပါတယ်သားရယ်
မေမေ မျှော်လည်းမျှော်လင့်သလို ကြိုးလည်းကြိုးစားမယ် မေ့သားလေး လူတော်ဆိုတာထက် လူကောင်းလေးဖြစ်ဖို့ မေမေ စိတ်နှစ်ပြီး ပျိုးထောင်ပေးမယ်”

“လူကောင်းလေးဖြစ်ဖို့က ငယ်ရွယ်စဉ်ကတည်း က မိဘရဲ့ ပဲ့ပြင်ဆုံးမမှုအပေါ်မှာ အများကြီး မူတည်ပြီး လူတော်လေးဖြစ်ဖို့ကတော့ မေ့သားလေးကိုယ်တိုင်ကြိုးစားရမှာ သားရဲ့။ မေမေက လိုအပ်ချက်တွေနဲ့ လူတစ်ယောက်ပါ။ စာလေးဖတ်လိုက် သိတတ်နားလည်သူတွေဆီမေးလိုက်နဲ့ အမှားနည်းသထက်နည်းအောင် သားလေး ကို ပြုစုပျိုးထောင်ပေးမယ်သားရယ်။ ဒီစာလေးတွေ ရေးရတဲ့အကြောင်းအရင်းက မေ့သားလေးတစ်နေ့ကြီးလာတဲ့အခါ အမှတ်တရအဖြစ် သားလေးဖတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးနေတာပါသားရေ။ ဒီနှစ်မေ့သားလေးမွေးနေ့ကို မေမေ့သားလေးအတွက်ပဲ ကြိုးစားနေတာလေးတစ်ခုရှိလို့ အများကြီး မလုပ်ပေးနိုင်တာ ခွင့်လွှင့်ပါသားရယ်။ မေ့သားလေး ဘုန်းကြီးလို့ အသက်ရှည် အနာရောဂါကင်းရှင်းပြီး လူတော်လူကောင်း ယောကျာ်းကောင်း ယောကျာ်းမြတ်လေးဖြစ်ပါစေ လို့ မေက သားလေးမွေးနေ့မှာ ဆုတောင်းပေးပါတယ် ❤️❤️❤️❤️❤️ အရမ်းချစ်တယ်သားရေ 💓💓💓💓💓” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။

ပိုးအိအိခန့်နဲ့ အောင်သူတို့ဇနီးမောင်နှံတို့ က တော့ သားလေး သွင်ဦးဟန် အတွက် အလုပ်တွေကြိုးစားနေပြီး သားလေး လူတစ် လုံး သူတစ် လုံး နေထိုင်နိုင်ဖို့ကို ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးအိအိခန့်နဲ့ အောင်သူတို့ရဲ့ သားသားလေး သွင်ဦးဟန်အတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Poe Ei Ei Khant ‘s fb

error: Alert: Content is protected !!