မျက်စိရှေ့မှာတင်ပဲ (၂၅) နှစ်အရွယ်ရောက်လာခဲ့တဲ့ သမီးလေးကိုကြည့်ပြီး အရင်အချိန်တွေလွမ်းမိတယ်ဆိုတဲ့ လင်းဇာနည်ဇော်
သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ တစ်ဦးတည်းသောသမီးလေးဖြစ်တဲ့ မြူလင်းကိုကိုဟာ မိခင်ဖြစ်သူရဲ့ လှပတဲ့ အမွေတွေကို အပြည့်အဝဆက်ခံထားနိုင်သူတစ်ယောက်ပါပဲ။ မြူလင်းကိုကိုဟာ ပြီးခဲ့တဲ့နှစ်တွေမှာတော့ နိုင်ငံရပ်ခြားမှာ သွားရောက်ပညာသင်ယူနေခဲ့ပြီး အခုဆိုရင် မြန်မာပြည်ပြန်ရောက်လာကာ မေမေ့ရဲ့ အလုပ်တွေကို ကူညီလုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ အနုပညာအလုပ်ကို ဝါသနာပါတဲ့ မြူလင်းကိုကိုက လက်ရှိမှာတော့ အနုပညာအလုပ်တွေကို မလုပ်ကိုင်ဖြစ်သေးတာကို တွေ့ရပါတယ်။
မနက်ဖြန် ဇွန်လ (၁၂) ရက်နေ့ကတော့ မြူလင်းကိုကိုရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ လင်းဇာနည်ဇော်က မျက်စိရှေ့မှာတင်ပဲ အရွယ်ရောက်လာတဲ့ သမီးလေးကို “လွန်ခဲ့တဲ့နှစ်အစိတ်.. မနက်ဖန် ကိုယ့်ဘဝထဲရောက်လာမယ့် ဒီကြွက်ကလေးကိုရင်တုန်စွာနဲ့ စောင့်ခဲ့ရတဲ့အချိန်လေး… လွမ်းမိပါရဲ့.. ခုတော့ကြွက်ကလေးက ဒီအရွယ်တောင်ရောက်သွားပြီ….♥️♥️” ဆိုပြီး သူမရဲ့ခံစားချက်လေးကို ပြောပြလာပါတယ်။
လင်းဇာနည်ဇော်ကတော့ သူမရဲ့မျက်စိရှေ့မှာတင်ပဲ အသက်အစိတ်ကိုရောက်ရှိလာပြီး အပျိုကြီးဖားဖားဖြစ်လာခဲ့တဲ့ သမီးလေးကိုကြည့်ပြီး အချစ်ပိုနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လင်းဇာနည်ဇော်တို့ သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Shwe ခေါက်ဆွဲ’s fb