မျက်ခုံးမွှေးတက်တူးနဲ့ ဆံပင်တုတို့ကြောင့် မမှတ်မိနိုင်လောက်အောင်ပြောင်းလဲသွားတဲ့ အစီအစဉ်တင်ဆက်သူ ဇင်အောင်

နိုင်ငံကျော် အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ ဇင်အောင်ကတော့ ပရိသတ်တွေ မသိသူမရှိလောက်ဘူးလို့ ထင်ပါတယ်။ ဇင်အောင်ဟာ နာမည်ကြီးအစီအစဉ်တွေများစွာကို စီစဉ်တင်ဆက်ပေးခဲ့သူဖြစ်ပြီး ပွဲအခမ်းအနားတွေများစွာကို တင်ဆက်ပေးရသူတစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဇင်အောင်ဟာ ကြော်ငြာအချို့ကိုလည်းရိုက်ကူးပေးပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်လာခဲ့တာကို တွေ့ရပါတယ်။

သာမာန်အမျိုးသားတွေထက် ဖက်ရှင်ကိုဦးစားပေးဝတ်ဆင်တတ်ပြီး ကိုယ့်ကိုကိုယ် အမြဲတမ်း ပြုပြင်ပြောင်းလဲနေတဲ့ ဇင်အောင်ဟာ ဒီတစ်ခါမှာတော့ သူတင်လိုက်တဲ့ ဓာတ်ပုံကြောင့် ပရိသတ်တွေကို အံ့သြစေခဲ့ပါတယ်။ ဇင်အောင်က ထူထဲတဲ့ မျက်ခုံးမွှေးတက်တူးနဲ့ ဆံပင်တုတို့ကြောင့် အခြားလူတစ်ယောက်လိုပြောင်းလဲသွားခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ဇင်အောင်ကတော့ ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပေမယ့် တချို့သောပရိသတ်တွေကတော့ ဇင်အောင်ရဲ့ပြောင်းလဲမှုကို သဘောကျသလို တချို့ကတော့ သဘောကျနှစ်ခြိုက်ခြင်းမရှိပါဘူး။ ပရိသတ်ကြီးကရော ဇင်အောင်ရဲ့ဓာတ်ပုံလေးတွေကိုကြည်ပြီး မှတ်ချက်တစ်ခုခုရေးသားပေးခဲ့ပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Zin Aung Aung’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!