မေးနှစ်ထပ်အဆီချနေတဲ့ ဓာတ်ပုံတွေကြောင့် ပရိသတ်တွေရဲ့ စနောက်ခြင်းခံနေရတဲ့ စွမ်းဇာနည်

မင်းသားချော စွမ်းဇာနည်ကတော့ ဇာတ်သဘင်လောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။အားပေးသူပရိသတ်အခိုင်အမာရရှိပြီးသား စွမ်းဇာနည်ကတော့ ပြီးခဲ့တဲ့နှစ်တွေက လူမှုရေးပြဿနာအချို့နဲ့ ကျန်းမာရေးအခြေအနေကြောင့် အလုပ်တွေလုပ်ကိုင်တာ နည်းပါးသွားပေမယ့် လက်ရှိမှာတော့ အရင်အတိုင်း အလုပ်တွေကို ပြန်လည်လုပ်ကိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ စွမ်းဇာနည်ကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း စွမ်းဇာနည်ရဲ့ ပျက်ကွက်မှုတွေကို မေတ္တာနဲ့ နားလည်ပေးကြပြီး အရင်အတိုင်းချစ်ပေး၊ အားပေးကြဆဲ ဖြစ်ပါတယ်။

လူသိများတဲ့ အနုပညာရှင်တစ်ယောက်ပီပီ ပရိသတ်တွေရဲ့ အမြဲတစေစောင့်ကြည့်ခြင်းကိုခံနေရတဲ့ စွမ်းဇာနည်ဟာ ဒီတစ်ခေါက်မှာလည်း မေးနှစ်ထပ်အဆီချနေတဲ့ ဓာတ်ပုံတွေကြောင့် ပရိသတ်တွေရဲ့ စနောက်ခြင်းခံနေရပြန်ပါတယ်။ ပရိသတ်တွေက စွမ်းဇာနည်ရဲ့ ပုံရိပ်တွေကို ထက်ထက်မိုးဦးနဲ့တူတယ်၊ ဖေ့စ်ဘုတ်ဆယ်လီ ဒီးနဲ့တူတယ် စသည်ဖြင့် စနောက်ကျီစယ်နေခဲ့ကြတာပဲဖြစ်ပါတယ်။

စွမ်းဇာနည်ကတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုတွေခံယူခဲ့ရပြီး သူ့ရဲ့ခန္ဓာကိုယ်နဲ့ မျက်နှာတို့ကလည်း ဆေးအရှိန်တွေကြောင့် ဖောယောင်လာခဲ့တာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်မှာလည်း စွမ်းဇာနည်က ပရိသတ်တွေရဲ့ စနောက်ကျီစယ်မှုအပေါ် တုံ့ပြန်ခြင်းမရှိပဲ သူလုပ်စရာရှိတာတွေကိုသာ တည်တည်ငြိမ်ငြိမ်လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Swan Zarni’s fb

error: Alert: Content is protected !!