မော်ဒယ်လ်အဖြစ်လုပ်ကိုင်ရင်း ဆေးကုသမှုခံယူနေစဉ်မှာပဲ ရန်ကုန်ယူနိုက်တက်ကစားသမားအဖြစ် ထပ်မံစာချုပ်ချုပ်ဖြစ်ခဲ့တဲ့ ကျော်မင်းဦး
နိုင်ငံကျော် မြန်မာ့လက်ရွေးစင်ဘောလုံးသမား ကျော်မင်းဦးကတော့ မင်းသားတစ်ယောက်လို ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ကျော်မင်းဦးကတော့ သူ့ရဲ့ ဒူးဒဏ်ရာကြောင့် အချိန်အတော်ကြာ ဘောလုံးလောကကနေ အနားယူခဲ့ပြီး လက်ရှိမှာတော့ ဘောလုံးအားကစားနဲ့ အတူတူ အနုပညာအလုပ်တွေကို သင့်တင့်စွာ အချိန်ပေးလုပ်ကိုင်လျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျော်မင်းဦးက ဒုတိယအကြိမ်မြောက် မြက်ခင်းပြင်ပေါ် မှာ ပြန်လည်ခြေချခွင့်ရရှိတော့မယ့် သတင်းကောင်းလေးတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။
ကျော်မင်းဦးက ၂၀၂၂ ဘောလုံးရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်းမှာ ကွင်းလယ်ကစားသမားအဖြစ် စာချုပ်ချုပ်ခေါ်ယူခံခဲ့ရတာပဲဖြစ်ပါတယ်။ ကျော်မင်းဦးကို ရန်ကုန်အသင်းက ၂၀၁၆ ခုနှစ်တွင် သုံးနှစ်စာချုပ်ဖြင့်ခေါ်ဆိုခဲ့ပြီးအသင်းနှင့်အတူ ကွင်းဖွင့်ဖလား ၂ ကြိမ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံဆုများကို သိမ်းပိုက်နိုင်ခဲ့သည့် ကစားသမားတစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။
ကျော်မင်းဦးကတော့ ခြေထောက်ဒဏ်ရာကြောင့် အနားယူနေရချိန် ကြော်ငြာတွေနဲ့ သီချင်း MV တွေကို ရိုက်ကူးပေးရင်း အနုပညာအလုပ်တွေလုပ်ကိုင်နေသလို အခုတစ်ခါမှာတော့ သူမြတ်နိုးတဲ့ မြက်ခင်းစိမ်းတွေပေါ် ပြန်လည်ခြေချခွင့်ရရှိသွားပြီပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Yangon United Football Club ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်