မောင်နှမသုံးယောက်တည်းကျန်ခဲ့ပေမယ့် ရင်းနှီးကြတဲ့မိတ်ဆွေတွေကြောင့် မေမေ့ရဲ့ဈာပနလေးကို ပြည့်စုံသွားစေတယ်ဆိုတဲ့မာသထူးဝါး

ချစ်စရာကောင်းတဲ့ ကရင်မလေး မာသထူးဝါးကတော့ လူလေးလှသလို အသံလေးလည်းကောင်းတာမို့ တေးသီချင်းတွေနဲ့ နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။ မာသထူးဝါးက “အိမ်လေးတစ်လုံးလိုချင်တယ်” ဆိုတဲ့ သီချင်းနဲ့ ပရိသတ်အားပေးမှုကိုရရှိခဲ့သလို သူမလက်ရှိနေထိုင်နေတဲ့ တောင်ကိုရီးယားနိုင်ငံမှာလည်း ဂီတအလုပ်တွေလုပ်ကိုင်နေသူတစ်ယောက်ပါ။

ငယ်စဉ်ကတည်းက ဖခင်ကိုဆုံးရှုံးထားရတဲ့ မာသထူးဝါးဟာ ပြီးခဲ့တဲ့ မေလ (၂၉) ရက်နေ့မှာလည်း မိခင်ကို ထပ်မံဆုံးရှုံးထားခဲ့ရပြန်ပါတယ်။ အဖေရော အမေပါမရှိတော့တဲ့ဘဝမို့ မောင်နှမသုံးယောက်တည်းကျန်ခဲ့ပေမယ့် ချစ်တဲ့သူတွေကြောင့် မေမေ့ရဲ့ဈာပနလေးဟာ လှပသွားခဲ့တဲ့အကြောင်းကို မာသထူးဝါးက “မိုးမိုး (မေမေ့) နေရာလေးကိုလှပအောင် ပန်းလက်ဆောင်နှင့်အလှဆင်ပေးတဲ့ အန်တီပိုးပိုးနှင့် အန်တီမခိ၊ ဧည့်သည်တွေအတွက် ဒီနေ့အိမ်မှာမုန့်ဟင်းခါးချက်ပေးတဲ့တီးတီ (အန်ကယ်)သို့ ကျေးဇူးတင်ပါတယ်ရှင် 💕🙏” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

မာသထူးဝါးကတော့ သူမရဲ့ မိဘနှစ်ပါးစလုံးကို ဆုံးရှုံးလိုက်ရပြီဆိုပေမယ့် မောင်လေးနှစ်ယောက်အတွက် အစ်မကြီးတစ်ယောက်ပီပီ အားတင်းထားတာပဲဖြစ်ပါတယ်။ မာသထူးဝါးတို့မေမေလည်း ကောင်းရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Martha Htoowah ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ေမာင္ႏွမသုံးေယာက္တည္းက်န္ခဲ့ေပမယ့္ ရင္းနွီးၾကတဲ့မိတ္ေဆြေတြေၾကာင့္ ေမေမ့ရဲ႕ဈာပနေလးကို ျပည့္စုံသြားေစတယ္ဆိုတဲ့မာသထူးဝါး

ခ်စ္စရာေကာင္းတဲ့ ကရင္မေလး မာသထူးဝါးကေတာ့ လူေလးလွသလို အသံေလးလည္းေကာင္းတာမို႔ ေတးသီခ်င္းေတြနဲ႔ နာမည္ႀကီးသူတစ္ေယာက္ျဖစ္ပါတယ္။ မာသထူးဝါးက “အိမ္ေလးတစ္လုံးလိုခ်င္တယ္” ဆိုတဲ့ သီခ်င္းနဲ႔ ပရိသတ္အားေပးမႈကိုရရွိခဲ့သလို သူမလက္ရွိေနထိုင္ေနတဲ့ ေတာင္ကိုရီးယားႏိုင္ငံမွာလည္း ဂီတအလုပ္ေတြလုပ္ကိုင္ေနသူတစ္ေယာက္ပါ။

ငယ္စဥ္ကတည္းက ဖခင္ကိုဆုံးရႈံးထားရတဲ့ မာသထူးဝါးဟာ ၿပီးခဲ့တဲ့ ေမလ (၂၉) ရက္ေန႔မွာလည္း မိခင္ကို ထပ္မံဆုံးရႈံးထားခဲ့ရျပန္ပါတယ္။ အေဖေရာ အေမပါမရွိေတာ့တဲ့ဘဝမို႔ ေမာင္ႏွမသုံးေယာက္တည္းက်န္ခဲ့ေပမယ့္ ခ်စ္တဲ့သူေတြေၾကာင့္ ေမေမ့ရဲ႕ဈာပနေလးဟာ လွပသြားခဲ့တဲ့အေၾကာင္းကို မာသထူးဝါးက “မိုးမိုး (ေမေမ့) ေနရာေလးကိုလွပေအာင္ ပန္းလက္ေဆာင္ႏွင့္အလွဆင္ေပးတဲ့ အန္တီပိုးပိုးႏွင့္ အန္တီမခိ၊ ဧည့္သည္ေတြအတြက္ ဒီေန႔အိမ္မွာမုန႔္ဟင္းခါးခ်က္ေပးတဲ့တီးတီ (အန္ကယ္)သို႔ ေက်းဇူးတင္ပါတယ္ရွင္ 💕🙏” ဆိုျပီး သူမရဲ့ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားထားပါတယ္။

မာသထူးဝါးကေတာ့ သူမရဲ့ မိဘနွစ္ပါးစလံုးကို ဆံုးရႈံးလိုက္ရျပီဆုိေပမယ့္ ေမာင္ေလးနွစ္ေယာက္အတြက္ အစ္မၾကီးတစ္ေယာက္ပီပီ အားတင္းထားတာပဲျဖစ္ပါတယ္။ မာသထူးဝါးတို့ေမေမလည္း ေကာင္းရာဘံုဘဝကို ေရာက္ရိွပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Martha Htoowah ‘s fb

error: Alert: Content is protected !!