မောင်နှမလို ခင်မင်ခဲ့ကြတဲ့ တပ်မဟာတွင်းက ရဲဘော်အစ်မရဲ့ ကျဆုံးမှုအတွက် စိတ်မကောင်းကြောင်းပြောလာတဲ့ မူးလာ

Myanmar Idol Season (3) သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း ပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကို ရရှိပိုင်ဆိုင်ထားခဲ့တဲ့ မူးလာကတော့ စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ ပြည်သူထဲကပြည်သူတစ်ယောက်အဖြစ် စစ်အာဏာရှင်တွေကို ဆန့်ကျင်တော်လှန်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မူးလာဟာ ဒီကနေ့မှာတော့ သူနဲ့ တပ်မဟာတစ်ခုတည်းမှာ အတူတူရှိခဲ့ဖူးတဲ့ အစ်မရဲ့ ကျဆုံးမှုအတွက် စိတ်မကောင်းဝမ်းနည်းဖြစ်တဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

မူးလာက “တွေ့တိုင်း ဒေးဖိုးမူးလာ ဓာတ်ပုံရိုက်မယ်ဆိုပြီး ခေါ်ခေါ်နေကြ အရမ်းသဘောကောင်းပြီး လိုလေသေးမရှိစီစဉ်ဆောင်ရွက်တတ်သူ စိတ်ပူလို့ အရှေ့ကို မသွားပဲ နောက်မှာပဲနေဆိုတော့ အရှေ့မှာပဲပျော်တယ်တဲ့ အေးအေးလူလူ မနေချင်သေးဘူးတဲ့။ တော်လှန်ရေးစိတ်ဓာတ်အပြည့်နဲ့ ချစ်ရတဲ့ အစ်မ ငြိမ်းချမ်းစွာအနားယူပါတော့” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ မိန်းကလေးဟာ ကရင်ပြည်နယ်၊ KNU တပ်မဟာ(၆)နယ်မြေအတွင်း ကော်ဘရာစစ်ကြောင်း၏ ရိက္ခာပို့သည့်ကားအား စစ်ကောင်စီတပ်မှကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သူမအပါအဝင် ရဲဘော်သုံးဦး ကျဆုံးခဲ့ရတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: MooLer’s fb

error: Alert: Content is protected !!