Myanmar Idol Season (3) ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ကတော့ ပြိုင်ပွဲဝင်နေစဉ်ကာလတလျှောက်လုံး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့ပြီး ယနေ့ထိတိုင် အောင်မြင်မှုတွေရရှိနေဆဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က လက်ရှိမှာ နိုင်ငံကျော် အဆိုတော်တစ်ယောက်အဖြစ် ဂီတလောကမှာ အောင်မြင်မှုတွေ ဆွတ်ခူးထားသလို သူ့ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်တဲ့ “သင့်အတွက်မနက်ဖြန်” အခွေကိုလည်း ထုတ်လုပ်ထားနိုင်တာပဲ ဖြစ်ပါတယ်။အနုပညာလောကမှာ ကျင်လည်လာတာနဲ့အမျှ အနုပညာလောကသားတွေအပေါ်မှာလည်း သံယောဇဉ်ကြီးတဲ့ ဖြိုးမြတ်အောင်က ဒီကနေ့မှာလည်း ညီမငယ်လေး မေလသံစဉ်အတွက် မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

ဖြိုးမြတ်အောင်က ““Happy Birthday” ဆုမွန်စကားနှင့်အတူ မေ လတွင်ကျရောက်တဲ့ ညီမလေး မေလသံစဉ် မွေးလ အတွက် ကျန်းမာပျော်ရွှင် နိုင်ပါစေလို့ ကြိုတင်ဆုမွန်ကောင်းရင်း မေ လတွင် ကျရောက်တဲ့ မွေးနေ့ရှင်တိုင်း ကျန်းမာ ချမ်းသာ တဲ့ ဘဝ အမြဲ ပိုင်ဆိုင်ကျပါစေလို့ ဆုမွန်ကောင်း ထပ်တောင်း ပေးပါတယ် 🤎” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

ဖြိုးမြတ်အောင်က လတ်တလောမှာလည်း မေလသံစဉ်နဲ့အတူတူ သီချင်းသစ်လေးတစ်ပုဒ်ကို ဖန်တီးနေပြီး မကြာခင်အချိန်အတွင်းမှာလည်း ထိုသီချင်းလေးကို ချပြဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြိုးမြတ်အောင်နဲ့ မေလသံစဉ်တို့ရဲ့ သီချင်းလေးထွက်ရှိလာရင်လည်း အားပေးကြဖို့မမေ့ပါနဲ့နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Phyo Myat Aung. ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

မေလမှာကျရောက်တဲ့ ညီမငယ်လေးမေလသံစဉ်အတွက် အမှတ်တရမွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဖြိုးမြတ်အောင်





Yolo

error: Alert: Content is protected !!