မေမေ့ရဲ့အလုပ်တွေကို ကူလုပ်ပေးရင်း မေမေ့ရဲ့ပါရမီဖြည့်ဖက်လေးအဖြစ်ရှိနေပေးတဲ့ လင်းဇာနည်ဇော်ရဲ့သမီးလေး မြူလင်းကိုကို

သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ တစ်ဦးတည်းသောသမီးလေးဖြစ်တဲ့ မြူလင်းကိုကိုဟာ မိခင်ဖြစ်သူရဲ့ လှပတဲ့ အမွေတွေကို အပြည့်အဝဆက်ခံထားနိုင်သူတစ်ယောက်ပါပဲ။ မြူလင်းကိုကိုဟာ ပြီးခဲ့တဲ့နှစ်တွေမှာတော့ နိုင်ငံရပ်ခြားမှာ သွားရောက်ပညာသင်ယူနေခဲ့ပြီး အခုဆိုရင် မြန်မာပြည်ပြန်ရောက်လာကာ မေမေ့ရဲ့ အလုပ်တွေကို ကူညီလုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ အနုပညာအလုပ်ကို ဝါသနာပါတဲ့ မြူလင်းကိုကိုက လက်ရှိမှာတော့ အနုပညာအလုပ်တွေကို မလုပ်ကိုင်ဖြစ်သေးတာကို တွေ့ရပါတယ်။

တစ်ဦးတည်းသောသမီးလေးပီပီ မေမေလင်းဇာနည်ဇော်ရဲ့ အားကိုးအားထားဖြစ်တဲ့ မြူလင်းကိုကိုဟာ သူမအမေရဲ့အလုပ်တွေကိုလည်း ကူညီလုပ်ဆောင်ပေးတတ်တာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း မြူလင်းကိုကိုက မေမေလင်းဇာနည်ဇော်နဲ့အတူတူ သာသနာရေးဦးစီးဌာန စားမေးပွဲဌာနခွဲကို အတူတူလိုက်သွားခဲ့ပြီး Sandwich ပေါင်မုန့်တွေကို အလှူရှင်ကိုယ်စား လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

မြူလင်းကိုကိုကတော့ နုနုနယ်နယ်မိန်းကလေးပီပီ အရမ်းချစ်စရာကောင်းနေသလို လင်းဇာနည်ဇော်ကလည်း သမီးလေးနဲ့အပြိုင် နုပျိုလှပနေဆဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ လင်းဇာနည်ဇော်နဲ့ မြူလင်းကိုကိုတို့ သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး ကျေနပ်ကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Myu Linn Ko Ko’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!